မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ မသယ်ဖို့ သတိပေး

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ မသယ်ဖို့ သတိပေး

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဇွန်လ ၅ ရက်နေ့ကစပြီး တင်ဆောင်တာတွေ မပြုလုပ်ဖို့ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force PUTAO)က အသိပေး ထုတ်ပြန်လာပါတယ်။ 

စစ်အုပ်စုက အရပ်သားခရီးသွားတွေရဲ့ မော်တော်ယာဉ်တွေကို စစ်ရေးလှုပ်ရှားမှု စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းတာတွေမှာ အကာအကွယ်အနေနဲ့ အသုံးပြုနေတာကြောင့် စစ်အုပ်စုနဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ရိက္ခာတွေတင်ဆောင်တာ၊ Non-CDM ဝန်ထမ်းတွေကို တင်ဆောင်တာနဲ့ စစ်အုပ်စုတပ်သားတွေနဲ့ အတူတကွ ရောနှောလိုက်ပါတာ၊နေထိုင်တာအပြင် တင်ဆောင်တာကို လုံးဝမပြုလုပ်ကြဖို့ ပြင်းထန်စွာ တားမြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဖော်ပြထားတဲ့ တားမြစ်ချက်တွေကို လိုက်နာမှုမရှိတဲ့ ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို တော်လှန်ရေးတပ်ဖွဲ့တွေကနေ နောက်ဆက်တွဲ ကိစ္စရပ်တွေအတွက် တာဝန်ယူမှာ မဟုတ်တဲ့အပြင် ထိရောက်ပြတ်သားစွာ အရေးယူမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေနဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ထားတဲ့အပြင် မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာကိုပါ ထိန်းချုပ်ထားတဲ့ အခြေနေလို့ ဆိုရမှာပါ။

မြစ်ဆုံ-တန်ဖရဲမှာတော့ စစ်တပ်က အခိုင်အမာ တပ်စခန်းချ ဂိတ်ထိုင်စောင့်ကြပ်နေပါတယ်။

မြစ်ကြီးနား-မြစ်ဆုံလမ်းပိုင်းနေ ဒေသခံပြည်သူအချို့ရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်အတွင်းက စစ်အုပ်စုဟာ အိမ်စီးကားတွေနဲ့ မြစ်ဆုံတန်ဖရဲ တပ်စခန်းဘက် လူအပြောင်းအလဲလုပ်တာတွေအပြင် လူအင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ပြီး လမုန်ဇွပ်ဂိတ်တွေမှာလည်း လူအင်အားချထားတာတွေ ရှိတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း မြစ်ဆုံမရောက်မီ အကြိုဂိတ်တစ်ခုဖြစ်တဲ့ လမုန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်အုပ်စုဂိတ်မှာ ဖြတ်သန်းသွားလာသူ အကုန်လုံးနီးပါးကို စစ်ဆေးရေးတင်းကျပ်နေတယ်လို့ ထပ်မံ သိရှိ သိရပါတယ်။ 

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...