နောင်းချိန်းအထက်တန်းကျောင်းမှာ စာသင်ကျောင်းဆောင်သစ်တွေ ထပ်မံလို

နောင်းချိန်းအထက်တန်းကျောင်းမှာ စာသင်ကျောင်းဆောင်သစ်တွေ ထပ်မံလို

စစ်ရှောင်ကျောင်းသူ/သား ၁,၀၀၀ ကျော် တက်ရောက်နေတဲ့ နောင်းချိန်းအထက်တန်းကျောင်းမှာ စာသင်ကျောင်းဆောင်သစ်တွေ ထပ်မံလိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီအထက်တန်းကျောင်းမှာ ဝိုင်းမော်မြို့၊ နောင်းချိန်စစ်ရှောင်စခန်းက ကလေးအယောက် ၁,၂၀၀ နီးပါး တက်ရောက်နေတာဖြစ်ပြီး စာသင်ခန်းတွေ မလုံလောက်တဲ့အပြင် ကလေးတွေအတွက်လည်း ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

"ကျောင်းမှာက ဘာမှထည့်ဝင်စရာမလိုပေမဲ့ ကလေးတွေအတွက် ကျောင်းဝတ်စုံ၊ စာအုပ်တွေလိုနေပါတယ်။ စာသင်ခန်းမလုံလောက်လို့ အုပ်ချုပ်ရေးမှူးရုံးမှာ Class နှစ်ခုထားပြီး သင်နေတယ်။"လို့ ပြောပါတယ်။

စစ်ရှောင်ကလေးတွေကို ဘယ်အစိုးရကျောင်းကပဲဖြစ်ပါစေ၊ ကျောင်းပြောင်းလက်မှတ်မပါရင်လည်း အောင်လက်မှတ်ပြပြီး တက်လို့ရအောင် စီစဉ်ပေးထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ပြင်ပကျောင်းတွေဖြစ်တဲ့ အသင်းတော်တွေက ကျောင်းတက်ရောက်ထားသူတွေကိုလည်း အတန်းတင်စာမေးပွဲ ထပ်ဖြေစရာမလိုဘဲ အောင်လက်မှတ်ပြရုံနဲ့ တက်ခိုင်းထားတယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နေ့စားအလုပ်နဲ့ အသက်မွေးနေကြပြီး နေ့စဉ်အလုပ်မရနိုင်တာကြောင့် မိသားစုအတွင်း နေ့စဉ်စားသောက်ဖို့တောင် မလွယ်ကူတဲ့ အခြေအနေပါ။

နောင်းချိန်းကျေးရွာအတွင်းက စစ်ရှောင်စခန်း ၄၀ မှာ စစ်ရှောင်အိမ်ထောင်စု ၂,၀၀၀ ကျော်ရှိပြီး လူဦးရေ အယောက် ၂၀,၀၀၀ ကျော်လောက် နေထိုင်ပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ၂၀၂၄ ခုနှစ် မတ်လဆန်းက ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ဝိုင်းမော်မြို့ပေါ်ကအပြင် မြို့ရဲ့တောင်ဘက်ပိုင်းနဲ့အရှေ့ဘက်ပိုင်းက ထွက်ပြေးတိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။

July 10, 2026
ကချင်ပြည်၊ ကန်ပိုက်တီမြို့နှင့် ဆဒုံးမြို့အကြား မိုးရက်ဆက်ရွာသွန်းမှုကြောင့် တောင်ပြို၊...
July 10, 2026
ကချင်ပြည်၊ ပူတာအိုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေအိမ်များအား ဖောက်ထွင်း၍ အဖိုးတန်...
July 8, 2026
ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်နှင့် ယူမာလမ်းအနီးတွင်...
July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...