ဘင်္ဂလားဒေ့ရှ်- ရခိုင် နယ်စပ်ကုန်သွယ်ရေးတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ကုန်သွယ်မှု မရှိသေး

ဘင်္ဂလားဒေ့ရှ်- ရခိုင် နယ်စပ်ကုန်သွယ်ရေးတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ကုန်သွယ်မှု မရှိသေး
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး ကုန်သွယ်မှုအချို့ကို ပြုလုပ်နေကြသော်လည်း ပုံမှန်လည်ပတ်ခြင်းမျိုး မရှိသေးဘဲ ကုန်စည်အချို့ကိုသာ ကုန်သွယ်ခွင့် ရနေသေး ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နှင့် ရခိုင်ပြည် မောင်တော ကညင်ချောင်းဆိပ်ကမ်းကနေ နှစ်နိုင်ငံ ကုန်သွယ်မှုကို မေလ ၁ ရက်နေ့က စတင်ခဲ့သည်။

သို့သော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များမှာ စိတ်ဝင်စားမှု အားနည်းနေသေး၍ ULA က ဖွဲ့စည်းထားသည့် ကုန်သည်ကြီးများအသင်းကသာ ကုန်သွယ်မှုအဆင့်သာ ရှိသေးကြောင်း နယ်စပ်ကုန်သည်များက ဆိုသည်။

နယ်စပ်ကုန်သည် မောင်တော ဒေသခံတစ်ဦးက “ ကုန်သွယ်မှုကတော့ လုပ်နေကြပေမယ့် အလုပ်တော့ သိပ်မဖြစ်သေးဘူး။ ရခိုင်ဖက်က သစ်တွေကို တင်ပို့နေတာ ရှိတယ်။ ဘင်္ဂလာဖက်ကတော့ အာလူးနဲ့ ကြက်သွန်လောက်ပဲ အနည်းငယ်ရောက်တယ်။ ကုန်သွယ်မှုလုပ်ရာမှာလည်း ပုဂ္ဂလိက ကုန်သွယ်မှု မရှိသေးဘူး။ ကုန်သည်ကြီးအသင်းက ကုန်သည်တွေပဲ ကုန်သွယ်ကြရသေးတယ် ” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်ကနေ တင်ပို့နေသည့် သစ်များမှာ ၂၀၂၃ ခုနှစ် မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်ဖက်ကို တင်ပို့ရမည့် သစ်များဖြစ်သည်ဟု သိရပြီး ပုဂ္ဂလိက ကုန်သွယ်မှုများကို တောင်ပြိုလက်ဝဲမြို့နှင့် ဗန္ဓုလ (ဘောင်ဒူလာ) တို့ကနေ အနည်းငယ်သာရှိသေးကြောင်း သိရသည်။

ထို့အတူ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု အဖြစ်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရနှင့် ကုန်သွယ်မှုကို တရားဝင် လက်ခံခဲ့ခြင်း မရှိကြောင်း ကုန်သည်ကြီးများ အသင်းနှင့် နီးစပ်သူများထံက သိရသည်။

ယင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးမြှင့်တင်ရန် လိုအပ်နေသေးပြီး နှစ်ဖက်ဆက်ဆံရေး တိုးတက်နိုင်ရန် ကြိုးစားနေကြရဆဲဖြစ်ကြောင်း နောက်နယ်စပ်ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။

“ ကုန်သွယ်မှုကတော့ အားရစရာ မကောင်းသေးဘူး။ အစပျိုးကာလပဲ ရှိနေသေးတယ်။ ကုန်သွယ်မှုတွေ မြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေကြတာတွေ ရှိကြတယ်။ အထူးသဖြင့် နှစ်ဖက်ဆက်ဆံရေး တိုးမြှင့်ပြီးမှ ကုန်သွယ်မှုကို မြှင့်တင်ဆောင်ရွက်ကြရမှာ ” ဟု မောင်တောဒေသခံ နောက်ထပ်ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲများမဖြစ်စဉ် ၂၀၂၂-၂၀၂၃ စာရင်းများအရ ဘင်္ဂလားဒေ့ရှ်-ရခိုင်ပြည် ကုန်သွယ်မှုမှာ တစ်နှစ်တာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၆၀ နီးပါးအထိရှိသည်ဟု စစ်အုပ်စု၏ အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်-ရခိုင် ကုန်သွယ်ရေးရပ်တန့်နေပြီး ၂၀၂၆ ခုနှစ် မေလတွင် ပြန်လည်စတင်ပြီး ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။

ထို့အတူ လက်ရှိတွင် ရခိုင်ပြည်သို့ ကုန်သွယ်နေသည့် မကွေးတိုင်း ဆောလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ရပ်နားထားရပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ လမ်းကြောင်းတစ်ခုသာ ရခိုင်ပြည်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်နေသည်။

သို့သော်လည်း အိန္ဒိယလမ်းကြောင်းသည် မကြာမီ မိုးတွင်းရောက်တော့မည်ဖြစ်သဖြင့် လမ်းခရီးကြမ်းတမ်းမှု၊ အချိန်ကြံ့ကြာမှုများ ဖြစ်နိုင်သဖြင့် ဘင်္ဂလားဒေ့ရှ်- ရခိုင်လမ်းကြောင်းကို ပိုပြီး အာရုံစိုက်သင့်ကြောင့် စီးပွားရေးသမားတို့က အကြံပြုနေကြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့သည် သံတမန်ဆက်ဆံရေး တရားဝင် မရှိသေးသော်လည်း နယ်စပ်ဒေသနေ နှစ်ဘက်ပြည်သူတို့၏ လူမှုစီးပွား၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် တိုးတက်မှု နားလည်မှုများရရှိထားကြောင်း ULA က မေ ၂၆ တွင် ထုတ်ပြန်ခဲ့သည်။

May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...