တွန်းဇံတွင် ချင်းပူးပေါင်းတပ်ဖွဲ့များ အခိုင်အမာရှိ

တွန်းဇံတွင် ချင်းပူးပေါင်းတပ်ဖွဲ့များ အခိုင်အမာရှိ

ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့် တိမ်းရှောင်ရန် မလို ကြောင်းနှင့် မိမိတို့နေအိမ်များတွင် စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်ကြရန် CDF-Tonzang က အသိပေးချက် ထုတ်ပြန်သည်။

လက်ရှိတွင် တွန်းဇံမြို့၏ လုံခြုံရေးအတွက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော CNA၊ CDF-Tonzang (Zo galkap)၊ R-CDF နှင့် Zo Chin Defense Force (Zo Army) စသည့် ပူးပေါင်းတပ်ဖွဲ့ ၄ ဖွဲ့က မြို့တွင်း၌ အခိုင်အမာ တပ်စွဲထားကြောင်း ဆိုသည်။ 

CDF-Tonzang ၏ စစ်ဦးစီးချုပ် Pu ThangSuanMung က မြို့တွင်း၌ ခုခံကာကွယ်နိုင်သော တော်လှန်ရေးတပ်ဖွဲ့များ အင်အားအပြည့်အစုံရှိနေသလို၊ လိုအပ်ပါကလည်း မဟာမိတ်တပ်ဖွဲ့များက အချိန်မရွေး ရောက်ရှိလာနိုင်သည့် အနေအထားတွင်ရှိသဖြင့် ပြည်သူများအနေဖြင့် ထိတ်လန့်စရာမလိုကြောင်း ပြောကြားသည်။

သို့သော် ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် မေလ ၁၁ ရက်မှစတင်ကာ တီးတိန်-တွန်းဇံ လမ်းပိုင်း ခရီးသွားလာခြင်းကို အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။ 

အခြားတစ်ဖက်တွင်လည်း ကလေးမြို့ဘက်မှ တက်လာသည့် အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှင့် ZRA ပူးပေါင်းတပ်ဖွဲ့များ သည် တွန်းဇံမြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

မေလ ၈ ရက်နေ့က ကလေးမြို့မှ သံချပ်ကာကားတစ်စီး အပါအဝင် အင်အား ၆၀၀ ကျော်ဖြင့် တက်လာသည့် စစ်ကြောင်းသည် တီးတိန်မြို့သို့ ရောက်ရှိနေပြီး၊ မေလ ၁၁ ရက်နေ့တွင် ZRA အဖွဲ့ဝင်များနှင့် ပေါင်းကာ တွန်းဇံမြို့ဘက်သို့ဦးတည် ထွက်ခွါလာနေကြောင်း သိရသည်။ 

တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်၊ မေလကတည်းက တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် မြို့ပြ ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို CDF-Tonzang ဦးဆောင်သော မြို့နယ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ဖလမ်းနှင့် ဟားခါးကြားဘက်မှာလည်း စစ်ရေးအခြေအနေတင်းမာပြီး Dothek နှင့် ချွန်ကျုံးရွာကြားမှာ ထိတွေ မှုရှိနေကြောင်းသိရသည်။

June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...
June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...