ရခိုင်ပြည် ထူထောင်ရေးတွင် သက်လူမျိုးများ၏ ပါဝင်မှု အားကောင်းလာ

ရခိုင်ပြည် ထူထောင်ရေးတွင် သက်လူမျိုးများ၏ ပါဝင်မှု အားကောင်းလာ
၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM

ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာကြောင်း သက်လူမျိုး အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် (ULA/AA) ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အခွန်နှင့် စိုက်ပျိုးရေး စသည့် ဌာနအသီးသီးတွင် သက်လူမျိုး ၂၀၀ နီးပါးခန့်က မိမိတို့ တတ်နိုင်သည့် ကဏ္ဍများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည် တည်ဆောက်ရေးနှင့်အတူ သက်မျိုးများအနေဖြင့် ကျန်းမာရေး၊ ပညာရေးအခန်းကဏ္ဍ တိုးတက်လာသည့်အပြင် ရသင့်ရထိုက်၊ လုပ်သင့်လုပ်ထိုက်သည့် အခွင့်အရေးများကိုလည်း ရရှိလာနေကြောင်း သက်လူမျိုးများက ဆိုကြသည်။

“ကိုယ့်လူမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ရအောင် ကူညီပေးတာတွေ ရှိပါတယ်။ ကိုယ့်လူမျိုးစုအရေးကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်လည်း အပြည့်အဝ ပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့တခြားအရာတွေမှာလည်း ပုံဖော်လုပ်ဆောင်ပေးတာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ သက်လူမျိုး ဦးရေမှာ ရခိုင်မျိုးနွယ်စုတွေထဲ အနည်းဆုံးဖြစ်ပြီး ရခိုင်ပြည်တွင်းရှိ ခန့်မှန်းလူဦးရေ ၃,၀၀၀ မှ ၄,၀၀၀ အကြားသာ နေထိုင်ကြကြောင်း သိရသည်။

တဖက်တွင် သက်လူမျိုးများသည် ရွှေ့ပြောင်းနေထိုင်မှု များလာနေ၍ တဖြည်းဖြည်း လူဦးရေ လျော့နည်းလာသောကြောင့် အမျိုးသားရေး လက္ခဏာ၊ ယဉ်ကျေးမှုစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေကြသည်။

ထို့ကြောင့် ယနေ့ ရခိုင်ပြည်တော်လှန်ရေးနှင့် စစ်မှုထမ်းဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်မှုကို လက်ခံသော်လည်း လူဦးရေနည်းပါးမှုအပေါ် ထည့်သွင်းစဉ်းစားကာ လူအရင်းအမြစ်ကို သေချာသုံးသပ်ပြီး ဆောင်ရွက်သင့်ကြောင်း သက်လူမျိုးများ ဆိုကြသည်။

“ဒီကာလက တော်လှန်ရေး ကာလဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ သက်လူမျိုးနွယ်စုတွေဟာ လူဦးရေ အရမ်းနည်းတဲ့ တချို့အရာတွေမှာ စဉ်းစားပေးစေချင်ပါတယ်။ အဲဒီအချက်တွေကို လုပ်ပေးမယ်ဆိုရင် ရှေ့ဆက်ပြီး ပူးပေါင်းပါဝင်မှုအနေနဲ့ အရေးပါလာမယ်လို့ ထင်ပါတယ်။ အရာအားလုံးကို ပေတံတစ်ချောင်းနဲ့ တိုင်းတာမယ်ဆိုရင် လူမျိုးစုနည်းတဲ့ လူမျိူးဖြစ်တဲ့အတွက် တချိူ့အရာတွေက အခက်အခက်ဖြစ်စေတယ်” ဟု သက် လူမျိုးရေးရာ တက်ကြွလှုပ်ရှားသူ လူငယ် ကိုပန်းကျော်ဒူးက ပြောသည်။

ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ထိန်းချုပ်နယ်မြေတို့တွင် အုပ်ချူပ်ရေး၊ တရားစီရင်ရေးသည့် အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ကာ တော်လှန်ရေး အစိုးရ တရပ်အဖြစ် အုပ်ချုပ်နေသည်။

တပြိုင်နက်တည်းတွင် ရခိုင်ပြည်တွင်းနေ လူမျိုးအားလုံးလက်တွဲကာ ကျန်းမာရေး၊ ပညာရေးစသည့် ဌာနဆိုင်ရာများကို စနစ်တကျလည်ပတ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်လုပ်ဆောင်နေသည်။

အာရက္ခပြည်သူ့အစိုးရအနေဖြင့် သက်လူမျိုးအပါအဝင် လူမျိုးစုအသီးသီး၏ ခေါင်းဆောင်များ၊ ဒေသခံဦးဆောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကာ လူမျိုးစုများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို အလေးထား ဖြေရှင်းပေးရန် လိုအပ်ကြောင်းလည်း သက်လူမျိုးအသိုင်းအဝိုင်းက တိုက်တွန်းထားသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...