မြစ်ကြီးနားမြို့မှာ ရှမ်းရိုးရာ သင်္ကြန်ပွဲတော်ပြုလုပ်မယ်

မြစ်ကြီးနားမြို့မှာ ရှမ်းရိုးရာ သင်္ကြန်ပွဲတော်ပြုလုပ်မယ်

ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ဒေသခံများမှ သိရပါတယ်။

“ ဌာနေရှမ်းတွေအားလုံးတက်ရောက်လို့ရပါတယ်။ ( ၂ )ရက်လုပ်မှာလေ ကိုယ့်ရိုးရာဝတ်စုံလေးတွေတော့ ဝတ်ရမှာပေါ့ မြစ်ကြီးနား၊ ဝိုင်းမော် အကုန်ဖိတ်ထားတယ် ရှမ်းရိုးရာအတိုင်း အစီအစဉ်တွေပါမယ်”လို့ ရွာခံတစ်ဦးက အခုလိုပြောပြပါတယ်။

နောင်ခမ်းရှမ်းရွာ၊ ကံသာရာမ ကျောင်းတိုက်မှာ ပြုလုပ်မှာဖြစ်ပြီး သင်္ကြန် အကြိုနေ့ နဲ့ အတက်နေ့ ( ၂) ရက် ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ မနက် ၁၁ နာရီမှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ၁၂ နာရီမှာ ရှမ်းရိုးရာ ဓလေ့ထုံးတမ်းအရ ရေသပ္ပာယ်မယ့်ဘုရားဆင်းတု ပင့်ဆောင်ခြင်း၊ သဲပုံစေတီ ပြုလုပ်ခြင်း၊ယိမ်းအကအဖွဲ့များဖျော်ဖြေခြင်းနဲ့အတူ စတုဒီတာအဖြစ် ရိုးရာမုန့်ကျွေးမွေးပြုလုပ်ခြင်းများ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ကျန်တဲ့ကြားရက်ဖြစ်တဲ့ အကြတ်နေ့နဲ့ အကျနေ့များကိုတော့ အဖိုးအဖွားနဲ့ ဥပုသ်သီလခံယူတဲ့သူများ ကျောင်းတက်တာတွေရှိတာကြောင့် မပြုလုပ်တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်တွင်လည်း အလားတူ ရှမ်းရိုးရာသင်္ကြန်ပွဲပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...