ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ပေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ပေး

စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ ဝန်ကြီးချုပ်အဖြစ် ဒီနေ့ပြန်ရွေးချယ် အတည်ပြုလိုက်ပါတယ်။

ဦးခက်ထိန်နန်ကိုတော့ ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် အဆိုပြုခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တာပါ။

ဦးခက်ထိန်နန်ဟာ စစ်တပ်ကလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) ကနေ အမျိုးသားလွှတ်တော် အမှတ် ၁ အမတ်အဖြစ် ဝင်ပြိုင်ပြီး အနိုင်ရခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရှုံးနိမ့်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်က သူ့ကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့တာပါ။

ဦးခက်ထိန်နန် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်မှာတော့ ၂၀၁၆ ကနေ ၂၀၂၁ အထိ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လုပ်ကိုင်ခဲ့တဲ့ သူ့အစ်ကို ဒေါက်တာခက်အောင်ကိုတော့ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်ချခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာတော့ အာဏာသိမ်းစစ်တပ်က သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးခက်ထိန်နန်လိုပဲ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့က လက်ရှိဝန်ကြီးချုပ်တွေကိုပဲ ဝန်ကြီးချုပ်တွေအဖြစ် အဆိုပြုခဲ့ပါတယ်။

September 18, 2026
ကချင်ပြည်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်အကြားရှိ ကျေးရွာများတွင် ငှက်ဖျားနှင့် ရာသီတုပ်ကွေး...
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...