ဖရူဆို - ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာကို စစ်ကော်မရှင်တပ် မီးရှို့

ဖရူဆို - ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာကို စစ်ကော်မရှင်တပ် မီးရှို့
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )

ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ တပ်စွဲနေထိုင်ပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ကျေးရွာက နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကျေးရွာက နေအိမ်တွေ မီးလောင်တာကို အဝေးက မြင်တွေ့ရပြီး ခန့်မှန်းခြေ လူနေအိမ် ၁၆လုံးခန့် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

"အနီးနား ပြန်ကြည့်လို့လည်း မရဘူးလေနော၊ စစ်သားတွေက ရှိနေတော့ ကျေးရွာအနီးနား မြေမြုပ်မိုင်း အန္တရာယ်လည်း ကြောက်နေရတော့၊ မီးလောင်တဲ့ နေအိမ်ကို ခန့်မှန်းကြည့်တော့ အနည်းဆုံး ၁၆ လုံး မီးလောင်သွားတာပေါ့"လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ကျေးရွာမှာ တပ်စွဲထားတာကြောင့် နေအိမ်ကို ပြန်ကြည့်လို့မရသေးသလို မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်တဲ့အတွက် မီးလောင်မှုအခြေအနေကို အသေးစိတ်မသိရှိသေးဘူးလို့ ပြောပါတယ်။

" သွားလာဖို့ ခက်ခဲနေဆဲပဲ၊ စစ်တပ်တွေက ရှိနေတော့လေး" လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖရူဆို - ဘောလခဲမြို့နယ်အစပ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလှုပ်ရှားပြီးနောက် လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာအများစုက တိမ်းရှောင်နေကြရတာပါ။

အဆိုပါ ကျေးရွာမှာ နေထိုင်တဲ့ ရွာခံတွေလည်း တိမ်းရှောင်နေရတာ နှစ်လကျော်ရှိနေပြီး လက်ရှိ စစ်ရှောင်တဲ့နေရာမှာ အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။ စစ်ကော်မရှင်တပ်က နေအိမ် မီးရှို့ဖျက်ဆီးတဲ့ အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...