ကချင်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွား

ကချင်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ မတ်လ ၂၉ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ တဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အထက်ပါစစ်မျက်နှာပြင်တွေဘက် ကို စစ်ကော်မရှင်တပ်ကနေ နေ့တိုင်း လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဘက်က တစ်ပတ်တာအတွင်း လေယာဉ် ဗုံး ၁၇ ကြိမ်၊ ဒရုန်းဗုံး ၃၁ ကြိမ် နဲ့ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၉၇ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။

လေယာဉ် ဗုံးကြဲတိုက်ခိုက်တဲ့ နေရာနဲ့ လက်နက်ကြီးတိုက်ခိုက်တာဟာ ဗန်းမော် စစ်မျက်နှာပြင်မှာ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ဗန်းမော်စစ်မျက်နှာပြင်ဘက် စစ်ကော်မရှင်တပ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် တစ်ပတ်အတွင်း ခုခံတိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားသလို KIA တပ်မဟာ ၉၊ ဖားကန့်ဒေသ မရှီက‌ထောင်၊ ရွှေကောင်းကောင်း၊ ဝေအောင်ကမ္ဘာ၊ ဟဲပါးရွာဘက် တိုက်ပွဲ စုစုပေါင်း ၅ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားတာပါ။

စစ်ကော်မရှင်တပ်ဘက်က ခြေလျင်စစ်ကြောင်းထိုးနေဆဲအပြင် ဝေဟင်ကနေ လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ ပြုလုပ်ဆဲဖြစ်တာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲလို့ ထပ်မံ ဖော်ပြထားပါတယ်။

အထက်ပါ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်ဒေသတွေဘက် စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တို့ နှစ်ဖက်တပ် စစ်ဆေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ မတ်လ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...
March 25, 2026
ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က...
March 24, 2026
ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေပဲရှိတဲ့ ခူထီကျေးရွာမှာ ဆန်နဲ့ ဆေးဝါး...
March 20, 2026
လေယာဉ်ဆီအကန့်အသတ်ကြောင့် ခရီးသည်တွေအတွက် အပိုဝန်စည် သယ်ဆောင်ခွင့်ကို တစ်ယောက် ၁၀ ကီလိုဂရမ်အထိပဲ...