ကယန်းစာပေသင်ကြားရေးကျောင်းဆရာအဖြစ် သင်တန်းသား ၂၅ ဦး ပြီးမြောက်

ကယန်းစာပေသင်ကြားရေးကျောင်းဆရာအဖြစ် သင်တန်းသား ၂၅ ဦး ပြီးမြောက်
ဓါတ်ပုံ - KNGY
ဓါတ်ပုံ - KNGY

ကယန်းဒေသတစ်နေရာမှာ ကယန်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ(KLCC)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)နဲ့ ကယန်းမျိုးဆက်သစ်လူငယ်(KNGY)တို့ ဦးဆောင်ပြီး ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ ကယန်းစာပေသင်ကြားရေး ဆရာဖြစ်သင်တန်းမှာ သင်တန်းသား ၂၅ ဦး တက်ရောက်ပြီးမြောက်ခဲ့တယ်လို့ KNGY တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဲ့ထဲမှာ အမျိုးသားက ၈ ယောက်ပါတယ်။ အမျိုးသမီးက ၁၇ ယောက်ပါတယ်ပေါ့နော်။ အားလုံးပေါင်း ၂၅ ဦးပေါ့နော်။ ဒီကယန်းနယ် ဒေသအစုံပါပါတယ်။ “လို့ KNGY အဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

အဆိုပါ ကယန်းစာပေ သင်ကြားရေးဆရာအဖြစ်သင်တန်းကို ၂ လကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကိုတော့ ယမန်နေ့ မတ်လ ၁၃ ရက်နေ့ ကယန်းဒေသအတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့တာပါ။

သင်တန်းဆင်းပွဲမှာတော့ ကယန်းအမျိုးသားအလံအလေးပြုတာ၊ သင်တန်းသား၊သူများမှ အဖွင့်သီချင်းသီဆိုတာ၊ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကနေ အားပေးအမှာစကားပြောကြားတာ၊ သင်တန်းသူတစ်ဦးကနေ ရင်တွင်းစကားပြောကြားတာ၊ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ချီးမြှင့်တာ၊ စံပြဆုတွေ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆရာ၊မတွေကို ဂုဏ်ပြုလက်ဆောင်ပေးအပ်တာတွေအပြင် ကယန်းယဉ်ကျေးမှုအကတွေ တင်ဆက်ကပြတဲ့ အစီစဥ်တွေ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းပြုလုပ်ရခြင်းဟာ ကယန်းစာပေနဲ့ ယဉ်ကျေးမှုသင်ကြားရေးလုပ်ငန်းတွေမှာ ပေးဆပ်လုပ်ဆောင်နိုင်တဲ့ လူငယ်တွေ ပေါ်ထွက်လာဖို့နဲ့ ကယန်းဒေသအသီးသီးမှာ နွေရာသီ ကယန်းစာပေဆင့်ပွား‌ရေးသင်တန်းတွေ သင်ကြားပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းရည်ရွယ်ချက်အတိုင်း သင်တန်းပြီးမြောက်သူတွေလည်း လူထုတွေကို တစ်ပတ်ကြာ သင်တန်းပြန်လည်မျှဝေပေးတဲ့ လက်တွေ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ KNGY တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“အခုသင်တန်းပြီးသွားတော့ လာမည့် မနက်ဖြန် သဘက်ခါ ကျရင် ကျေးရွာ ၆ရွာ မှာ ကယန်းနယ်ဖက်မှာ လူထုတွေ တောင်းဆိုထားတဲ့ အခြေခံ ကယန်းစာပေသင်တန်းကို သူတို့က တစ်ပတ်တိတိ သင်တန်းသွားပေးမှာ ဖြစ်ပါတယ်‌။ “ လို့ သူကဆိုပါတယ်။

ပြုလုပ်ခဲ့တဲ့ သင်တန်းမှာလည်း ကယန်းစာပေ အရေး၊ အဖတ်၊ အပြောနဲ့ နားထောင်မှုဆိုင်ရာ ဘာသာရပ်တွေ၊ ကယန်းသမိုင်းနဲ့ ယဥ်ကျေးမှုဆိုင်ရာဘာသာရပ်၊ ကယန်းအဆိုအမိန့်၊ ကယန်းယဉ်ကျေးမှုအက၊ သင်ကြားမှုနည်းလမ်း၊ လူထုရှေ့စကားပြောစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်၊ မေးခွန်းမေးမြန်းခြင်းစွမ်းရည်၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ လူမှုအထောက်အပံ့ (MHPSS)စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ KNGY အဖွဲ့ဆီကနေ သိရပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...