စစ်တွေမြို့ထဲတွင် ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်အချို့ မပေါက်ကွဲဘဲတွေ့ရှိ

စစ်တွေမြို့ထဲတွင် ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်အချို့ မပေါက်ကွဲဘဲတွေ့ရှိ

နှင်းနွယ်နီ — ရခိုင်ပြည်မြို့တော် စစ်တွေမြို့ထဲတွင်ကျရောက်ရောက်ခဲ့သည့် လက်နက်ကြီးကျည်များအထဲမှ တစ်ချို့ကို မပေါက်ကွဲဘဲတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။  

မတ်လ ၇ ရက်နေ့က လက်နက်ကြီးကျည်အချို့စစ်တွေမြို့တွင်ကျရောက်ပေါက်ကွဲ၍ ဆေးရုံကြီး အတွင်း မီးလောင်မှုများရှိခဲ့သော်လည်း တချို့နေရာများတွင် လက်နက်ကြီး ကျည်အချို့ကို မပေါက်ကွဲဘဲ တွေ့ရှိခဲ့ရသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“တောကျောင်းဆိုတာ မြောက်ဦးဆရာတော်ရဲ့ဗုဒ္ဓတက္ကသိုလ်နောက်ဘက် ကျောင်း။ တောကျောင်းနောက်ဘက် ပရဝုဏ်အလွတ်ထဲ ကျတာ။ အမှတ် ၁၂ ရဲတပ်ရင်းနဲ့တော့ နီးတယ်။ မနက် ၅ နာရီလောက်က ကျတာထင်တယ်။ အဲဒီတစ်လုံးက။ ကျကျချင်းတော့ ပြည်သူတွေကြည့်လို့ရတယ်။ နောက်ရဲတွေရောက်လာတော့ကြည့်မရတော့ဘူး” ဟု ပြောသည်။

၎င်းပြင် စစ်တွေမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးအနီးရှိ ပြည်နယ်ဥပဒေချုပ်ရုံးအနီးတွင်လည်းမပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့သည်ဟု ၎င်းက က ပြောသည်။

“  မပေါက်တဲ့ လက်နက်ကြီးကျည် ၂ လုံးတော့ တွေ့တယ်။ ပြည်နယ် ဥပဒေချုပ်ရုံးရယ်၊ ဆတ်ရိုးကျရပ်ကွက်ရှိ တောကျောင်းဘုန်းတော်ကြီးကျောင်း နောက်ဘက်ကွင်းပြင်မှ တစ်လုံးရယ်။ နောက်ထပ်တော့ မကြားမိဘူး”ဟု ၎င်းက ပြောသည်။.

ပြီးခဲ့သည့် မတ်လ ၇ ရက်၊ နံနက် ၅ နာရီကျော်ခန့်က စစ်တွေဆေးရုံကြီးရှိ ဆေးဂိုဒေါင်တွင် လက်နက်ကြီးကျည်စအချို့ကျရောက်မှုကြောင့် မီးအနည်းငယ်လောင်ကျွမ်းခဲ့ပြီးဆည်မြောင်းနှင့် အထက (၄) အနီးတွင်လည်း လက်နက်ကြီးကျည် အပိုင်းအစတချို့ ကျရောက်ခဲ့ကြောင်း မြို့ခံများက ပြောကြသည်။

အဆိုပါ လက်နက်ကြီးများကို မည်သည့်အဖွဲ့က ပစ်မှန်း မခန့်မှန်းနိုင်ဟု သူက ဆက်ပြောသည်။

“အဲဒီလက်နက်ကြီးတွေကဘယ်က ပစ်တယ်လို့ အသေအချာမပြောနိုင်ဘူး မနက်အစောကြီးဆိုတော့။ စစ်တပ်ကပစ်တာလား။ အေအေက ပစ်တာလားမသိဘူး။ ကျနော်တို့လည်း မမြင်တော့လေ။ နေဗီကလား၊တပ်ရင်းကလားဆိုတာ မသိဘူး” ဟု ပြောသည်။

ထိုသို့ စစ်တွေမြို့ထဲတွင် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် မြို့ခံများအကြား စိုးရိမ်မှုများမြင့်တက်နေကြောင်း စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အခုပစ်တဲ့လက်နက်ကြီးတွေက အရမ်းအသံကျယ်တယ်။ ပြီးတော့ မြို့ထဲမှာပါ ကျတယ်ဆိုတော့မကြောက်ဘဲနေပါ့မလား။ သူတို့ပစ်နေရင်း ကျလာမလားဆိုပြီး ကြောက်မိတယ်” ဟုပြောသည်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တပ်တို့သည် စစ်တွေမြို့ပြင်ရှိ နေရာ (၁၅) ခုခန့်တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောဆိုထားသည်။

မတ်လ ၆ ရက်နေ့က စစ်တွေအခြေစိုက်တပ်ရင်းများက ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လက်နက်ကြီး အချက် (၅၀)ခန့်ပစ်ခတ်ခဲ့ခြင်းကြောင့် AA ဘက်ကလည်း မတ်လ ၇ ရက်၊ နံနက် ၄ နာရီခန့်မှစတင်ကာ စစ်တွေအခြေစိုက် ရွှေမင်းဂံရေတပ်၊ ခလရ (၂၀)၊ ရဲတပ်ရင်း (၁၂)နှင့် ပဒလိတ်တပ်ရင်း (၂၃၂) ဘက်သို့  လက်နက်ကြီးများဖြင့်တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု သူက ပြောဆိုထားသည်။

စစ်တွေမြို့တွင် မတ်လ ၈ ရက်၊ ညနေ ၄ နာရီခန့်ကလည်း စစ်တွေတက္ကသိုလ်နှင့်ကပ်လျက်ရှိ‌သောအမှတ် (၃၆)ရဲတပ်ရင်းက ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီး ခြောက်ချက်ခန့်ပစ်ခတ်ခဲ့သည်ကို အသံအကျယ်ကြီးကြားလိုက်ရကြောင်း မြို့ခံများက ပြောကြသည်။

ဓာတ်ပုံ - ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က ပေါက်တောမြို့နယ်ဘက်သို့လေကြောင်းမှ ဗုံးကြဲခဲ့စဉ် မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးအား တွေ့ရစဉ်။ (Photo – မူရင်းပိုင်ရှင်)

Most read this week

March 9, 2026
(စစ်ကော်မရှင်က မီးလောင်ဗုံးတွေကြဲချလို့ တောမီးလောင်နေ) အာရက္ခတပ်တော်(AA) ဦးဆောင်သော...
March 7, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် ( AA) နှင့် စစ်ကော်မရှင်တပ်တို့သည် မြေပြင် နေရာ (၁၅)...
March 6, 2026
သိန်းဇော်(မောင်တော) — ရခိုင်ပြည် ရှေးဟောင်းသမိုင်းဝင်မြို့‌တော်တခုဖြစ်သည့် မြောက်ဦးမြို့ရှိ...
March 5, 2026
နှင်းနွယ်နီ — အာဏာသိမ်းစစ်ကော်မရှင်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင်...