ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်အမျိုးသမီးများတွင် လစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေ

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်အမျိုးသမီးများတွင် လစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေ

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးလုံလောက်မှု မရှိသောကြောင့် အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင် အားဆေး၊ ကိုယ်ဝန်တားဆေး၊ မီးယပ်သွေးဆေးနှင့် အကိုက်အခဲ ပျောက်ဆေးအပြင် အမျိုးသမီးလစဉ်သုံးများ လိုအပ်နေကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသအခြေအနေနှင့် ပတ်သက်၍ တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့အစည်း (WJ) က မတ်လ ၅ ရက်က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းများတွင် ကျား၊ မ မခွဲခြားဘဲ စုပေါင်းနေထိုင်ရပြီး အိပ်ရာ၊ အိမ်သာ၊ ရေချိုးခန်းများ လုံလောက်စွာ မရှိသောကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ခံစားနေရကြောင်း WJ က ပြောသည်။

တချို့သော အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ ညစ်ညမ်းပြောဆိုခံရခြင်း၊ စစ်ရှောင်စခန်းတွင် နေ့စဉ် နှင့်အမျှ ဖြစ်ပျက်နေသော အိမ်တွင်းအကြမ်းဖက်မှုများ၊ မိသားစုပြဿနာများလည်း မကြာခဏ ဖြစ်ပေါ်သည့်အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ယင်းဒေသ စစ်ရှောင်စခန်းမှ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု သိရသည်။

ချင်းနှင့် စစ်ကိုင်းမှာ တစ်လအတွင်း စစ်ကော်မရှင်တပ်ကြောင့် ဒေသခံပြည်သူ ၃၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၀ ကျော် ရှိကြောင်း WJ က ထုတ်ပြန်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ချင်း၊စစ်ကိုင်းမှ အမျိုးသမီးများသည် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုခံရပါက တရားရုံးတွင် အမှုရင်ဆိုင် ဖြေရှင်းရန် အသွားအလာ လုံခြုံရေးကို စိုးရိမ်းရခြင်း၊ ဥပဒေစိုးမိုးမှု အားနည်းနေ၍ တရားမျှတမှု မရရှိခြင်း၊ စစ်အုပ်စု ကျူးလွန်းသော အမှုများကို တရားစွဲဆိုရန် ခက်ခဲခြင်းနှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုများကို ဖော်ထုတ်ပြောဆိုရန် ကြောက်ရွံ့ခြင်းမှုကြောင့် အမျိုးသမီးများဘဝ မလုံခြုံမှုသည် ပိုမိုမြင့်တက်လာသည်ဟု သိရသည်။

စစ်အာဏာသိမ်းမှု ၅ နှစ်ရှိလာချိန်တွင် ချင်းလူမျိုးများသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ တစ်သိန်းကျော်ရှိပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် ခြောက်သောင်းကျော်ရှိကြောင်း ချင်းရေးရာအဖွဲ့ (ICA) ဇန်နဝါရီလကုန်က ထုတ်ပြန်ထားသည်။

June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...
June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...