ကလေးမြို့ပေါ်မှာ စက်သုံးဆီဈေးနှုန်းတွေ ဈေးတက်ကာ အလုအယက်ဝယ်ယူနေ

ကလေးမြို့ပေါ်မှာ စက်သုံးဆီဈေးနှုန်းတွေ ဈေးတက်ကာ အလုအယက်ဝယ်ယူနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ ဈေးတက်နေတယ်လို့ ကလေးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့နေ ဒေသခံတစ်ဦးက “ဆိုင်တွေမတူညီကြဘူး အရပ်ထဲက အရင်ကလှောင် ထားတဲ့သူတွေကတော့ စျေးကစား နေကြတယ်လို့ သိရတယ် လက်ရှိဆီဈေးတွေက တက်ရုံတင်မကဘူး အဆမတန်သိုလှောင်မူ့က အန္တရာယ်စိုးရိမ်အမှတ်ရောက်နေတယ်" လို့ပြောပါတယ်။

ကလေးမြို့ အရင် (BOC) မြမြတ်တ္တာမွန်ဆိုင် မှာ ဒေသခံ အမြောက်အများ လောင်စာဆီ ဓာတ်ဆီရရှိဖို့ တန်းစီကာ အလုယက်ဝယ်ယူနေကြပြီး စက်သုံးဆီ တဂါလံကို ၂၉၀၀၀ အထိ ဈေးပေါက်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

" တချို့ဆီဆိုင်တွေဆိုရင် ၂၉၀၀၀ မကဘူး ၊ ၅ ထောင် ၊ ၁ သောင်း လောက်ပိုတယ် ၊ တချို့ဆိုင်တွေဆို ပုံးတွေနဲ့ မရောင်းတော့ဘူး၊ တချို့ကလည်း ဆီရှိရဲ့သားနဲ့ ကုန်ပြီဆိုတဲ့ ပုံစံလုပ်ပြီးမှ လက်ရှိပေါက်ဈေးထက် အဆများကြီး တင်ပြီးမှ တော်ကြာမှ ပြန်ရောင်းတာတွေရှိတယ်"လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

အီရန် - အမေရိကန် စစ်ပွဲကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ယခုရက်ပိုင်းမှာ လူထုက စိုးရိမ်မှုမြင့်တက်ပြီး စက်သုံးဆီကို အလုအယက် တန်းစီဝယ်ယူမှုတွေကို ရန်ကုန်အပါအဝင်တခြားမြို့ကြီးတွေမှာလည်း မြင်တွေ့လာနေရပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...