တနင်္သာရီတိုင်းမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါး ပြန်လွတ်

တနင်္သာရီတိုင်းမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါး ပြန်လွတ်

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုက နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါး ပြန်လည်လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင် အချုပ်ထောင်အသီးအသီးမှာ အကျဉ်းသားအကျဉ်းသူ ၁၀၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ခဲ့တာပါ။

အဲဒီထဲမှာ တနင်္သာရီတိုင်းရှိ ကော့သောင်းအကျဉ်းထောင်က ၆ ဦး၊ ထားဝယ်အကျဉ်းထောင်က ၁၀၈ ဦး၊ မြိတ်အကျဉ်းထောင်က ၃၅ ဦး၊ စုစုပေါင်း ၁၄၉ ဦး ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ PPNM ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

PPNM က ပြုစုထားတဲ့ အချက်အလက်တွေအရ မတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်ထိ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၆၁၃ ဦးသာ ပြန်လွတ်လာသေးတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူအကျဉ်းသား ၇၃၃၇ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ တရားစွဲဆိုခံရသူ ၁၂၄၈၇ ဦးရဲ့ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းလိုက်ပြီး တရားခံတွေကို အမှုမှ လွှတ်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။

ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...