အကျဉ်းသူ၊ အကျဉ်းသား ၁၀၀ ကျော် ကေအဲန်ယူ လွတ်ငြိမ်းခွင့်ပေး

အကျဉ်းသူ၊ အကျဉ်းသား ၁၀၀ ကျော် ကေအဲန်ယူ လွတ်ငြိမ်းခွင့်ပေး
Photo: KNU
Photo: KNU

ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား ဥက္ကဋ္ဌ၏ အမိန့်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ခရိုင်ပြန်ကြားရေးက ထုတ်ပြန်သည်။

မုဒိမ်းမှု၊ လူသတ်မှုနှင့် မူးယစ်ဆေးဝါးအမှုတို့ဖြင့် ထောင်ဒဏ် ၇ နှစ်နှင့်အထက် ကျခံနေသူများအပ အကျဉ်းသူ ၁၂ ဦး၊ အကျဉ်းသား ၉၂ ဦးတို့အား ကေအဲန်ယူ ပြည်ထဲရေးနှင့် သာသနာရေး၊ အကျဉ်းဦးစီး ဌာန အကျဉ်းထောင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ခြင်းဖြစ်သည်။ အကျဉ်းသူ၊ အကျဉ်းသားများ လွှတ်သည့် အခမ်းအနားကိုလည်း ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကော်သူးလေ၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည့်သူများအဖြစ် ပြောင်းလဲရန်၊ လူသားချင်း စာနာထောက်ထားမှုနှင့် ပြည်သူစိတ်ချမ်းသာစေရန်အတွက် ယခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အစောပိုင်းက အကျဉ်းထောင်တွင်း ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင်က ဆိုသည်။

လွတ်ငြိမ်းခွင့်ရသူများသည် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ပါ စုပေါင်းကျခံရမည်ဖြစ်သလို လွတ်ငြိမ်းခွင့်တွင် အကျုံးမဝင်သူများကိုလည်း ထောင်ဒဏ် တစ်နှစ်လျှင် သုံးလဖြင့် ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လျှော့ရက်ရရှိသူများအနေဖြင့်လည်း အကျဉ်းထောင်တွင်း စည်းကမ်းလိုက်နာ၍ ကောင်းမွန်စွာ နေထိုင်နိုင်ပါက အခါအခွင့်သင့်တိုင်း လွတ်ငြိမ်းခွင့် ရရှိမည်ဖြစ်သည်ဟု ကေအဲန်ယူ-ဒူးပလာယာခရိုင် ပြန်ကြားရေးက ဆိုသည်။

ယမန်နေ့က ပြုလုပ်သွားသည့် လွတ်ငြိမ်းအကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးလွှတ်သည့် အခမ်းအနားကို ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ကရင်အမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ၊ ပြည်ထဲရေးတာဝန်ရှိသူများ၊ အကျဉ်းသူ၊ အကျဉ်းသားများဖြင့် တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ် တစ်နေရာ၌ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...