ဆော - ကျောက်ထု - မင်းတပ် လမ်းပိုင်းကို လုံခြုံရေးကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

ဆော - ကျောက်ထု - မင်းတပ် လမ်းပိုင်းကို လုံခြုံရေးကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု - မင်းတပ်လမ်းပိုင်းအား လုံခြုံရေးအခြေအနေကြောင့် အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားသည်ဟု ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) က ဖေဖော်ဝါရီလ (၂၁) ရက်တွင် သိပေးထုတ်ပြန်သည်။

ဆော-ကျောက်ထု -မင်းတပ် လမ်းပိုင်းအား ည (၈:၃၀) နာရီမှ မနက် (၆:၀၀) နာရီအတွင်း ဖြတ်သန်းသွားလာခြင်း (လုံးဝ) မပြုလုပ်ရန် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယင်းသတိပေးချက်သည် ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) နယ်မြေအတွင်း သွားလာလှုပ်ရှားနေထိုင်ကြသည့် မိဘပြည်သူများ နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအား အကြောင်းကြား အသိပေးခြင်းဖြစ် သည်ဟု သိရသည်။

၎င်းလမ်းပိုင်း လုံခြုံရေးဂိတ်များတွင် လုံခြုံရေးများအရ စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကြည်ဖြူစွာ ပူးပေါင်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် ကန့်သတ်ထားသည့် နယ်မြေနှင့် အချိန်အတွင်း ဂန့်ဂေါခရိုင်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များမှလွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို သက်ဆိုင်ရာ ခရီးသွားလာခွင့် (MO) ပါရှိမှသာလျှင် ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ် ကြောင်းသိရသည်။

ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်း အရေးပေါ်ကိစ္စများဖြင့် ဖြတ်သန်းသွားလာရန် လို အပ်ပါက ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၃) ထံသို့ အ ကြောင်းကြားသတင်းပို့ရန် နှင့် သတ်မှတ်ထားသော ကန့်သတ်ချိန် အတွင်း တပ်ရင်း (၁၃) ထံ သတင်းပို့ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာပါက ထိ ရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ က သတိပေးဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...