ကျောင်းရွာနှစ်ဖက်တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့မှ ၄ ဦးသေဆုံး

ကျောင်းရွာနှစ်ဖက်တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့မှ ၄ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့မှ ၄ ဦးသေဆုံးပြီး စစ်လက်နက်ပစ္စည်းများကို ရေးဘီလူးမှ သိမ်းဆည်းရမိထားကြောင်း သိရသည်။

ယမန်နေ့ နှစ်လေးလုံးနေ့ နံနက် ၈ နာရီဝန်းကျင်တွင် ကျောင်းရွာအခြေစိုက် ခမရ ( ၅၉၁ ) တပ်ရင်းမှ ကင်းလှည့်ရန် ထွက်ရှိလာသည့် စစ်ကော်မရှင်တပ်သားအဖွဲ့ကို ရေဘီလူးအဖွဲ့မှ တပ်ရင်းနှင့်မီတာ ၁၀၀ အကွာတွင် စောင့်ဆိုင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ကြာမြင့်ပြီး တပ်ကြပ်ကြီးရာထူးရှိ ဗိုလ်လေးဝင်းစိုးအပါအဝင် တပ်သား ( ၄ ) ဦး သေဆုံးကာ ၎င်းတို့၏ စစ်လက်နက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေးဘီလူးခေါင်းဆောင်က ထုတ်ပြန်ပြောဆိုသည်။

"ကျောင်းရွာအခြေစိုက် ၅၉၁ တပ်ရင်းမှ ထွက်လာရှိလာတဲ့ ကင်းပတ်တပ်သား ၇ ဦးကို တပ်ရင်းနဲ့ မီတာ ၁၀၀ အကွာမှာ တိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့ဘက်ခြမ်းက ထွက်လာတဲ့ တပ်သား ၇ ဦးဟာဆိုရင် တစ်ပွင့်နဲ့ ဗိုလ်လေး ဝင်းစိုးအပါအဝင် ၃ ဦးကို ပိုင်ပိုင်နိုင်နိုင် သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်"ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆိုသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် ဗိုလ်လေးစိုးဝင်းကိုင်ဆောင်သည့် MA3 သေနတ်တစ်လက်၊ ကျည်ဘောက် ( ၃ )‌ ဘောက်၊ ကျည်ဆံ ( ၁၀၀ )တောင့် ပါဝင်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးဘီလူးအဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း ပစ်ခတ်မှု ဖြစ်ပွားနေစဉ် ကျောင်းရွာအခြေစိုက် ( ၅၉၁ ) တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၁ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရေးဘီလူးမှ အချက်အလက်ရ သိရသည်။

လက်နက်ကြီးကြောင့် လူထိခိုက်သေဆုံးမှု အသေးစိတ်အချက်အလက်များကို IMNA မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး သီးခြားဖော်ပြပေးသွားမည်။

ရေးဘီလူးတပ်ရင်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့သေးသည်။

Most read this week

February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...
February 20, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်မှ တပ်အင်အား...
February 19, 2026
မွန်အမျိုးသားပညာရေးဌာနမှ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့်...
February 18, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဖမ်းဆီးရမိသည့် ထိုင်းကုန်ပစ္စည်းများကို အုပ်ချူပ်ရေးမှူးအဖွဲ့များ...