ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ "ငှက်တံခွန်တိုင်" ပွဲကို ဒေသခံတွေ ပြုလုပ်

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ "ငှက်တံခွန်တိုင်" ပွဲကို ဒေသခံတွေ ပြုလုပ်

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ကယန်းလူမျိုးစုတို့ရဲ့ "ထို" လို့ခေါ် ဆိုတဲ့ "ငှက်တံခွန်တိုင်" ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

"အဓိကက နိုင်ငံငြိမ်းချမ်းရေးအတွက်ပေါ့။ ပြီးတော့ မိုးလဝသ မှန်ကန်ရေးအတွက် ဆန်၊ ရေ၊ စပါး ပေါများရေး အတွက်ပေါ့နော်။ ပြီးတော့ ရောဂါဘယ ကင်းဖို့ရေးအတွက်ပေါ့။ အဓိက ဒီဆောင်ပုဒ်ကြီးလေးငါးခုပေါ့ ပူဇော်ပသတာပေါ့။" လို့ ပွဲစီစဉ်သူတဦးက ဆိုပါတယ်။

ကယန်းတံခွန်တိုင်မှာ နှစ်မျိုးနှစ်စားရှိပြီး ကယန်းအခေါ်အဝေါ်အရ "ထို" နဲ့ "ကမ်ခွမ့်" ဆိုပြီးနှစ်မျိုးရှိတဲ့အနက် အဆိုပါရွာမှာတော့ "ထို" မြန်မာအခေါ်အဝေါ်အရ "ငှက်တံခွန်တိုင်" လို့ ခေါ်ဆိုကြတယ်လို့ ပြောပါတယ်။

"ငှက်တံခွန်တိုင်"ပွဲဟာ သာမန် ပြုလုပ်နေကျ တံခွန်တိုင်လို ပုံစံမျိုး မဟုတ်ဘဲ ငှက်ပုံစံ တံခွန်တိုင်အကောက်နဲ့ အပေါ်ထိပ်မှာ ငှက်ရုပ်ထွင်းထုပြီး ပြုလုပ်ကြတာဖြစ်တယ်လို့ ပွဲစီစဉ်သူက ဆက်ပြောပါတယ်။

ငှက်တံခွန်တိုင်ပွဲကို ပွဲ ကြီးကြီးမားမား ပြလုပ်ပါက တံခွန်တိုင်ရဲ့အရွယ်အစားကြီးပြီး တံခွန်တိုင်သေးရင်တော့ ပွဲအကျဉ်းချုပ်သာ ပြုလုပ်ကြတယ်လို့ သူက ရှင်းပြပါတယ်။

"တံခွန်တိုင်ဆို သူတို့ဟာက ဖြောင့်တယ်။ ကျနော်တို့ဟာက ငှက်ပုံစံနဲ့ပေါ့။ ဒီငှက်ပုံစံနဲ့ပဲ။ ငှက်လဲ အထီးနဲ့ အမရှိတယ်။ ဒီနှစ်အထီးလုပ်ရင် နောက်နှစ်က အမ။ ဒီနှစ်က အမဖြစ်သွားတယ်ပေါ့။ အထီးဆို အတောင်ပံပါသေးတယ်" လို့ တံခွန်တိုင်ပွဲ စီစဉ်သူက ဆက်ပြောပါတယ်။

အဆိုပါ တံခွန်တိုင်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး တံခွန်တိုင်အဟောင်းကို စိုက်ထူထားခြင်းမရှိဘဲ နှစ်သစ်နဲ့အတူ တံခွန်တိုင်အဟောင်းကိုဖယ်ကာ အသစ်ကို စိုက်ထူကြပါတယ်။ ဒီတံခွန်တိုင်အသစ်ကနေ အရာအားလုံးဟာ အသစ်တဖန် ပြန်လည်ဖြစ်တည်လာတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

အာဏာမသိမ်းခင် နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေရဲ့ ရိုးရာ ယုံကြည်မှု တံခွန်တိုင်ပွဲ ပြုလုပ်တာ အခြေအနေအရ ကွားခြားသွားတယ်လို့ ဆိုပါတယ်။

"ကွာခြားမှုက ကျနော်တို့ တံခွန်တိုင်ကို ပူဇော်ပသပြီးတဲ့အချိန်မှာ အခမ်းအနား လုပ်သေးတယ်။ ဒီအခြေနေ မကောင်းတဲ့ကာလမှာ ကျနော်တို့ အခမ်းနားမလုပ်နိုင်တာ ကျနော်တို့ နည်းနည်း ကြောက်လန့်တာလဲ ပါတာပေါ့နော်။ ပြီးတော့ လူလဲများတော့ အရမ်းအဆင်မပြေတာတခုပါပဲ" လို့ ပွဲစီစဉ်သူက ဆိုပါတယ်။

အဆိုပါ ကယန်းဘာသာစကားအရ "ထို" ခေါ် "ငှက်တန်ခွန်တိုင်" ရိုးရာပွဲကို ကရင်နီပြည်က ကယန်းကျေးရွာ ရွာနှစ်ရွာမှာသာ ကျင်းပကြတော့တယ်လို့ သူက ပြောပါတယ်။ ဒီကနေ့ ပွဲကို ကျေးရွာ(၈)ရွာက လူဦးရေ (၈၀၀)ဝန်းကျင် လာရောက်ပါဝင်ကြတယ်လို့ သိရပါတယ်။

June 25, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကရင်နီစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့...
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
June 24, 2026
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊...
ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)
June 23, 2026
ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်...
June 22, 2026
ဇွန် ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) ကြိမ်မြှောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်း၊ IEC ရဲ့...