နွားထိုးကြီးရှိ မြေအောက်ဆေးရုံကို စစ်ကော်မရှင် မိုင်းခွဲဖျက်ဆီး

နွားထိုးကြီးရှိ မြေအောက်ဆေးရုံကို စစ်ကော်မရှင် မိုင်းခွဲဖျက်ဆီး

မန္တလေးတိုင်း၊  မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် မြောက်ခြမ်းရှိ  မြေအောက်ဆေးရုံတခုကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း စစ်ကော်မရှင်၏ တယ်လီဂရန်ချန်နယ်များတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက် ) တွင် ရုပ်သံမှတ်တမ်းများဖြင့် ထုတ်ပြန်ထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ တည်ဆောက်ထားသည့် ပဲခင်းကြီးကျေးရွာအနီးက ထိုဆေးရုံ အဆောက်အဦကို ဖျက်ဆီးသည့် မှတ်တမ်းဆိုကာ ရုပ်သံမှတ်တမ်းများဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ 

“ ဖျက်ဆီးခံရတယ်ဆိုတဲ့ သတင်းတော့ ကြားတယ် ။  ဘာတွေ ပျက်စီးတယ်၊ ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ မသိရသေးဘူး။ ခု အဲ့ဘက်တွေမှာက စစ်ကြောင်းတွေ ရှိနေတာ” ဟု နွားထိုးကြီးမြို့နယ် ပကဖ အဖွဲ့ဝင်တဦးက ပြောသည်။

ဂျီနီဗာ ကွန်ဗင်းရှင်း(Geneva Conventions) အရ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်သည်။ 

စစ်ကော်မရှင်က မိုင်းခွဲဖျက်ဆီးခဲ့သည့် မြေအောက်ဆေးရုံသည် ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်ပြီး ကျပ်သိန်း ပေါင်း ၁,၂၀၀ ကျော်အကုန်ကျခံ တည်ဆောက်ထားကာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ် ခဲ့ကြောင်း BBC သတင်းဌာန က ဖော်ပြထားသည်။

နွားထိုးကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်ဖွဲ့ က ယခုနှစ်ဆန်းပိုင်းမှ စတင်၍ စစ်ကြောင်းထိုးခြင်း ၊  မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ ယခု ၂၀၂၆ ခုနှစ်အတွင်း   ကျေးရွာ ၃၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထား ရပြီး အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - စစ်ကော်မရှင်တပ်သားများ မြေအောက်ဆေးရုံးကို ဖောက်ခွဲရန် မိုင်းများ တပ်ဆင်နေပုံ နှင့် မိုင်းခွဲပြီးနောက် တွေ့ ရသည့် အပျက်အစီးများ ကိုတွေ့ ရစဉ် (မှိုင်းဝေတယ်လီဂရမ်ချန်နယ်)

February 20, 2026
ယင်းမာပင်ခရိုင်အတွင်း နေထိုင်နေကြပြီး BNRA အဖွဲ့က ထုတ်ပေးထားသည့် လက်နက်များ ကိုင်ဆောင်ထားသည့်...
February 19, 2026
ရောင်နီ — မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသည့်...
February 18, 2026
မောင်ခက်နွေ — စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)...
February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...