၂၀၂၆ ခုနှစ် ခရီးသွားရန် အန္တရာယ်ရှိသော နိုင်ငံများစာရင်းတွင် မြန်မာပါဝင်နေ

၂၀၂၆ ခုနှစ် ခရီးသွားရန် အန္တရာယ်ရှိသော နိုင်ငံများစာရင်းတွင် မြန်မာပါဝင်နေ

Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် (၉) ၌ ဖော်ပြခြင်းခံရသည်။

ဆောင်းပါးရှင် Neda Mrakovic က အစိုးရများ၏ ခရီးသွားလာမှုသတိပေးချက်များ၊ ပဋိပက္ခစောင့်ကြည့်မှုများ၊ ရာဇဝတ်မှုနှင့် ကျန်းမာရေးဒေတာများကို အခြေခံ၍ ယခုစာရင်းကို ပြုစုခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရင်းတွင် မြန်မာနိုင်ငံထက် အန္တရာယ်ပိုမိုများပြားသော နိုင်ငံများအဖြစ် အာဖဂန်နစ္စတန်၊ ယီမင်၊ ဆီးရီးယား၊ တောင်ဆူဒန်၊ ဟေတီ၊ ဆိုမာလီယာ၊ လစ်ဗျားနှင့် ယူကရိန်းနိုင်ငံတို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအတော်များများတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ယခုကဲ့သို့ စာရင်းသွင်းခံရခြင်းဖြစ်ကြောင်း ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့များက ထောက်ပြသည်။

အထူးသဖြင့် စစ်ကော်မရှင်တပ်များနှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများသည် အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများနှင့် အချို့သော လေဆိပ်များအထိ သက်ရောက်မှုရှိနေပြီး အခြေအနေများသည် ရုတ်တရက်ပြောင်းလဲသွားနိုင်သည့် အန္တရာယ်ရှိနေသည်။

ထို့ပြင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရခြင်း၊ ဘဏ်လုပ်ငန်းများနှင့် ငွေကြေးတန်ဖိုး မတည်ငြိမ်ခြင်းတို့ကြောင့် ခရီးသွားများအတွက် အခက်အခဲများစွာ ရှိနိုင်သည်ဟု ဆိုသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း မြို့ကြီးများမှအပ ကျန်ဒေသများ၌ စောင့်ရှောက်မှုရရှိရန် ခက်ခဲနေပြီး အရေးပေါ်အခြေအနေများတွင် သံရုံးများ၏ အကူအညီရယူရန် ခက်ခဲခြင်းနှင့် ခရီးသွားအာမခံများက အကာအကွယ်မပေးခြင်းတို့သည် ခရီးသွားများအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်နေသည်။

July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...
July 16, 2026
မန္တလေးမြို့၊ အိုးဘိုဗဟိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက်...
July 15, 2026
ဧရာဝတီတိုင်းအတွင်းရှိ ဌာနေပြည်သူ့စစ်များကို ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ကရင်နှင့် စစ်ကိုင်းတိုင်း...