တိုက်ပွဲကြောင့် ဖားကန့်၊ လုံးခင်းကျေးရွာမှာ တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

တိုက်ပွဲကြောင့် ဖားကန့်၊ လုံးခင်းကျေးရွာမှာ တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ခွန်ဆာကုန်း မြို့မရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ (၁၄)ရက်နေ့ ဗယ်လင်တိုင်းဒေးနေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲကြောင့် ကျေးရွာတွင်း ကလေးငယ်(၄)ဦးအပါ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ(၁)ဦးရှိခဲ့ကြောင်း နီးစပ်သူများက ပြောပြပါတယ်။

“ ထိခိုက်ဒဏ်ရာရတဲ့သူတွေက သူတို့နည်းသူတို့ဟန်နဲ့ သွားကြတာတွေလည်းရှိတယ်။ အစ်ကိုတို့သိသလောက်ဆို ထိခိုက်သူ(၆)ဦး လို့သိရတယ် လုံးခင်းငြိမ်းချမ်းသာယာရဲစခန်းကို KPDF တွေဝင်ပစ်တဲ့ကိစ္စကြောင့် အမျိုးသားတစ်ဦးသေဆုံးတယ်"ဟု ကျေးရွာသားတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာအတွင်းက ပြည့်စုံကောင်းထမင်းဆိုင်နောက်ကျောမှာ (၆၀ မမ) လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ကလေးငယ်(၄)ဦးအပါ (၆)ဦးထိခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့များက စခန်းကို မနက်အစောပိုင်း(၃)နာရီဝန်းကျင်ကနေ စီးနင်းတိုက်ခိုက်မှုကြောင့် (၅)နာရီခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းမှာခတ္တရပ်နားကာ ညနေပိုင်း(၃)နာရီမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်မှ လေယာဉ်ပစ်ကူများလည်းရှိခဲ့တာကြောင့် ဒေသခံများက ဗုံးခိုကျင်းအတွင်း ပုန်းခိုရမှုများရှိခဲ့ကြောင်းလည်း ဆိုကြပါတယ်။

ဖေဖော်ဝါရိ (၁၅)ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ငြိမ်သက်နေပြီး အဆိုပါစခန်းကိုလည်း သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

March 9, 2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ကားဂိတ်တစ်ချို့မှာ ကားလက်မှတ်ရောင်းပေးသော်လည်း ၁၃...
March 6, 2026
မိုဘိုင်းဖုန်းတွေကို CEIR ( Central Equipment Identity Register ) လို့ခေါ်တဲ့...
March 5, 2026
မိုးညှင်းမြို့နယ် ဟိုပင်မြို့၊ မြသာယာရပ်ကွက်မှာ မနေ့ကညပိုင်းအချိန်က ဓားပြတိုက်ခံရပြီး မိသားစု(၅)...
March 4, 2026
အကြမ်းဖက်မှုပုဒ်မတွေနဲ့ လွှတ်ပေးသူ ၇ ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်းရရှိသေးလို့...