ပေါက်တောတွင် ရေလုပ်သား ၁၀ ဦးကို စစ်နေဗီက ဖမ်းဆီးနှိပ်စက်ပြီး ငွေဒဏ်ရိုက်

ပေါက်တောတွင် ရေလုပ်သား ၁၀ ဦးကို စစ်နေဗီက ဖမ်းဆီးနှိပ်စက်ပြီး ငွေဒဏ်ရိုက်

သဉ္ဇာနွယ် — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ရခိုင်ဒေသခံ ရေလုပ်သား ၁၀ ဦးကို စစ်ကော်မရှင်ရေတပ်၏ နေဗီတစ်စီးက ဖမ်းဆီးနှိပ်စက်ပြီး ငွေဒဏ်ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးငွေညှစ်ခံရသူများမှာ ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ရွာမှ ဦးစံကျော်နု (၅၅)နှစ်၊ မောင်မောင်မောင်သန်း (၁၈)နှစ်၊ ကိုအောင်ဌေးဆန်း (၂၂)နှစ်၊ ကိုမောင်အေးသန်း (၂၅)နှစ်၊ တောလယ်ရွာမှ ဦးအောင်လတ် (၄၀)နှစ်၊ ကိုဝင်းမိုးကျော် (၂၄)နှစ်၊ ကိုမောင်သူရ (၂၅)နှစ်၊ ကိုဓညအောင် (၃၂)နှစ်၊ ချိုင်ပြင်ရွာမှ ဦးစိန်သောင်းချေ (၄၇)နှစ်နှင့် ယာတိုက်ရွာမှ ဦးမောင်ညွန့်သာ (၃၈)နှစ်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့၊ ည ၁၀ နာရီခွဲခန့်တွင် ပေါက်တောမြို့နယ်၊ ညောင်ပင်ချိုင်ရွာအောက် ကျေးပင်ချိုင်ပိုက်ဆိပ်မှ ငါးဖမ်းဘုတ်ကြီးတစ်စီး၊ ဘုတ်ငယ်နှစ်စီးနှင့် ပိုက်လောင်းတစ်စီးတို့သည် ပေါက်တောနယ်အစပ် အနောက်ဖက်ပင်လယ်သို့ ငါးဖမ်းထွက်လာစဉ် စစ်ကော်မရှင်၏နေဗီတစ်စီးက သေ နတ်ဖြင့်ပစ်ခတ်ကာ လိုက်လံဖမ်းဆီးခဲ့သည်ဟု ပေါက်တောဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"လူကတော့ ဘုတ်ကြီး၊ ဘုတ်ငယ်၊ ပိုက်လောင်းပေါ်မှာ စုစုပေါင်း ၃၀ နီးပါးပါတယ်။ အဲဒီမှာ ပိုက်လောင်းတစ်စီးအဖမ်းခံရတာ။ လောင်းပေါ်မှာ လူဆယ်ယောက်ပါတယ်။ စစ်ကောင်စီက ဘုတ်တွေအကုန်လုံးကို သေနတ်ပစ်ပြီးခေါ်တာ။ ပြေးရင်းနဲ့ ပိုက်လောင်းတစ်စီးပဲ အဖမ်းခံရတာ"ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ရေလုပ်သားများကို နေဗီပေါ်တွင် ညှင်းပန်းနှိပ်စက်ပြီး ပြန်လည်လွတ်‌မြောက်ချင်ပါက ရေလုပ်သားတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီပေးရမည်ဟုပြောဆိုကာ ဒဏ်ငွေရိုက်ပြီးနောက် နောက်ထပ် နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ငါးဖမ်းသမားတွေကို အဓိက နေဗီက ပစ်မှတ်ထားနေတာ။ စစ်တွေရဲစခန်းကိုလည်း ပို့တဲ့အခါမျိုးရှိတယ်။ ဒီတခါတော့ မပို့ဘူး။ ဒဏ်ရိုက်တာ။ ထောင်မကျ၊ အသက်မသေတာ ကံကောင်းတယ်လို့တောင် ပြောလို့ရတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်၊ ညကလည်း ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းဖက် ပင်လယ်တွင် ငါးဖမ်းထွက်နေသည့် မွတ်ဆလင်ခြောက်ဦးသည်လည်း စစ်ကော်မရှင်နေဗီထံ ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့မရဲစခန်းသို့ပို့ဆောင်ခံထားရကြောင်း သိရသည်။

January 30, 2026
(စစ်ကော်မရှင်တပ်သားအများအပြား အကျအဆုံးများစွာဖြင့် စခန်းမှဆုတ်ခွာထွက်ပြေးသွား) ခိုင်လူလှ (...
January 29, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်းဖက် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 28, 2026
သဉ္ဇာနွယ် — ရခိုင်ကမ်းရိုးတန်းတွင် အကြီးမားဆုံး ရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူအခြေစိုက် ဓည၀တီ...
January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...