ပဲခူးက ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်တပ် မီးရှို့ ၊ မီးလောင်ဗုံးဖြင့် တိုက်ခိုက်

ပဲခူးက ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်တပ် မီးရှို့ ၊ မီးလောင်ဗုံးဖြင့် တိုက်ခိုက်
ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)
ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)

ဟန်ထူးဇော် — ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ်၊ ရွာသစ်၊ ကြိမ်ခါးကုန်း နှင့် မအူပင်ကျေးရွာ တို့ကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ ကြဲချခြင်း၊ ရွာအတွင်း ဝင်ရောက်မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

အင်အား ၃၀၀ ပါ စစ်ကော်မရှင်စစ်ကြောင်းသည် ဇန်နဝါရီလ ၁၁ ရက်တွင် ပဲနွယ်ကုန်းကျေးရွာ ကို စစ်ကြောင်းထိုး စတင်ဝင်ရောက်ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်တွင် မအူပင်ကျေးရွာနှင့် ဇန်နဝါရီလ ၂၁ ရက်တွင် ရွာသစ်ကျေးရွာ အပြင် ကြိမ်ခါးကုန်းကျေးရွာတို့ကို ထိုသို့ ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိိရသည်။

" လူဦးရေက သောင်းဂဏန်းလောက်ရှိမယ် ။ အတိအကျကတော့ မသိဘူး ။ စစ်ဘေးရှောင်ကိစ္စလုပ်နေတဲ့သူတွေလည်း နီးစပ်ရာလောက်ပဲ လုပ်ပေးနိုင်လောက်မှာ အခု က ရွာပြင် လယ်တောတွေထဲမှာတော့ ဟိုတစ်စု ဒီတစ်စုနဲ့ ရှောင်နေကြတာပေါ့ “ဟု စစ်ရေးသတင်းအရင်းမြစ်တဦးက ပြောသည်။

မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးခြင်းမရှိသော်လည်း နေအိမ်အများအပြား ပျက်စီးသွားကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ထိုဒေသသို့ လက်နက်ကြီး ၊ ဒရုန်း နှင့် Gyrocopter အပြင် လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ် ပြုလုပ်နေကြောင်း သိရသည်။

“ ဒရုန်းအသုံးပြုတာ များတယ် ။ ကာမီကာဇေ (အသေခံဒရုန်း)တွေလည်း သုံးတယ်။ ပြီးတော့ ၁၂၂ မမ ဟောင်ဝစ်ဇာကို နတ်သံကွင်းနဲ့ ကညွှတ်ကွင်း ခမရ(၄၃၉) နှစ်ဖက် ညှပ်ပစ်တယ် ။ ခမရ(၃၀၇) ကနေ ၁၂၀ မမ ပစ်တယ် ။ တောင်ငူကနေ Jet Fighter, Mi 35, Gyrocopter သုံးစီး ပုံမှန်လာပြီး တိုက်ခိုက်တာတွေလုပ်တယ်”ဟု စစ်ရေးသတင်းအရင်းအမြစ်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)၊ တပ်မ ၇၇နှင့် စစ်ဆင်ရေးကွပ်ရေးမှုဌာနချုပ် စကခ (၆)လက်အောက်ခံတပ်များမှ စုပေါင်းပြီး စစ်ကြောင်းထိုးတိုက်ခိုက်ခိုက်နေခြင်းဖြစ်သည်။

ထို စစ်ကြောင်းကြောင့် လက်ရှိတွင် ကြိမ်ခါးကုန်း၊ သနှီးကောင်း၊အင်ကုန်း၊ မအူပင်၊ နတ်လောင်း၊ သဖန်းပင်၊ သရက်အုပ်၊ ကညင်ချောင်း၊ ရွာသစ်၊ လှေဒုံး၊ ဇလုပ်နှင့် ငတိုးခင်ကျေးရွာတို့မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းနယ်မြေသည် စစ်တောင်းမြစ်အနောက်ဘက်ကမ်းဒေသဖြစ်ပြီး တော်လှန်ရေးတပ်များ စိုးမိုးထားသည့် နယ် မြေဖြစ်သည်။

August 20, 2026
Aung Kyi Nyunt, a Central Executive Committee (CEC) member of the National League for Democracy...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...