အင်းတော်ကြီး အင်းမြှီးဒေသမှာ စစ်တပ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချောင်းဝတိုက်နယ်ဆေးရုံထိမှန်

အင်းတော်ကြီး အင်းမြှီးဒေသမှာ စစ်တပ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချောင်းဝတိုက်နယ်ဆေးရုံထိမှန်

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ချောင်းဝကျေးရွာမှာ မနေ့က  ဇန်နဝါရီ ၂၆ ရက် မနက်(၁)နာရီဝန်းကျင်အချိန်တွင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်နယ်ဆေးရုံလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ချောင်းဝဆေးရုံမှာ ဗုံးလာချသွားတယ်။ ၁ နာရီဝန်းကျင်လောက်က ဆေးရုံတက်နေတဲ့အခန်းတွေမထိဘူးလို့တော့ ထင်တာပဲ။ သေသေချာချာမသိရသေးဘူး။ အဲဒီအသံကြောင့် သေတဲ့သူတစ်ယောက်တောင်ရှိတယ်တဲ့။ လန့်သေသေတာ။ လိုင်းတွေလည်းပိတ်ခိုင်းထားတုန်းပါ့ “ဟု အင်းတော်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနီးရှိဆေးရုံခွဲစိတ်ခန်းအမိုးအကာများထိမှန်ပျက်စီးခဲ့ပါတယ်။

ဆေးရုံနဲ့အနီးတဝိုက်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ ဒေသဆိုင်ရာရုံးတည်ဆောက်ထားတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

“အဓိကပစ်တာတော့ KPDF ရုံးကို ပစ်တာထင်တယ် ဆေးရုံကဖြင့် ကပ်ကပ်လေးရှိနေတာလေ ဆေးရုံထိသွားတာတော့ဟုတ်တယ်  ” ဟု လွဲပေါကျေးရွာသားတစ်ဦးက ဆိုပါတယ်။

ချောင်းဝကျေးရွာဒေသခံများနဲ့ အနီးကျေးရွာနေထိုင်သူအများစုက ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မနေ့က ဇန်နဝါရီလ (၂၅)ရက်နေ့မှာလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ အင်းအနောက်ကမ်းကျေးရွာရှိ တုံပင်ကျေးရွာကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ကျေးရွာဒေသခံများထံမှ သိရပါတယ်။

မိုးညှင်းမြို့နယ်ထဲပါဝင်တဲ့ အင်းတော်ကြီးဒေသမှာ ရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားလာနေပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...