ကျုံဒိုး/ကော့ကရိတ်ရှိ စစ်အုပ်စုတပ်ရင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်စားလှယ်လောင်းမသိဘဲ ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲထည့်ခိုင်း

ကျုံဒိုး/ကော့ကရိတ်ရှိ စစ်အုပ်စုတပ်ရင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်စားလှယ်လောင်းမသိဘဲ ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲထည့်ခိုင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၃ အတွက် ကြိုတင်မဲထည့်ရာတွင် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများအား သိရှိခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီကို မဲထည့်ခိုင်းစေနေကြောင်း သိရှိရသည်။

ယခုလ ဇန်နဝါရီ ၁၅ ရက်မှစပြီး ကြိုတင်မဲအစီအစဉ်ကို စစ်တပ်နေရာများရှိသည့် ကျုံဒိုး၊ နဘူး၊ ကော့ကရိတ် တပ်ရင်းများနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ ၁၂ ဌာနချုပ်တို့နေရာတွင် ကြိုတင်မဲစု ဆောင်းခိုင်းခြင်းဖြစ်ကြောင်း တပ်နှင့်နီးစပ်သူများက ပြောသည်။

ကော့ကရိတ် စစ်အုပ်စုနှင့် နီးစပ်သူတစ်ဦးက “ ကျုံဒိုးမှာ ခမရ ၅၄၆ / ၅၄၅ တပ်ထဲမှာ ကြိုတင်မဲ ကောက်လိုက်ပြီ၊ ကျုံဒိုးထွေအုပ်တွေက ပညာရေးဆရာ/ဆရာမတွေကို ကြိုတင်မဲ လာထည့်ခိုင်းတယ်။ ကော့ကရိတ် စကခ ၁၂ တို့၊ ခလရ ၉၇ တပ်တို့ တပ်ထဲနေတဲ့သူတွေ အကုန်လုံးကို ကြိုတင်မဲထည့်ခိုင်းတယ်။ တပ်ထဲမှာ မဲရုံမလုပ်ဘူး၊ ကိုယ်စားလှယ်လောင်း ဘယ်သူဆိုတာ မသိဘူး။ တပ်ရင်းမှူးတွေက ကြံ့ခိုင်ရေးပဲ ထည့်ခိုင်းတယ်” ဟု ပြောသည်။

ယခု ကျုံဒိုးမြို့ပေါ် ၄ ရပ်ကွက်အတွင်း ကြိုတင်မဲကောက်ယူနေရာတွင် ရပ်ကျေးကော်မရှင်တွင် ပါဝင်သည့် သူများနှင့် စစ်အုပ်စု အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းစာရေးများ၊ အုပ်ချုပ်ရေးမှူးများသာ ပါဝင်ပြီး နိုင်ငံရေး ပါတီများက တွေ့ဆုံဟောပြော မဲဆွယ်တာမျိုး မရှိကြောင်း သိရသည်။

လက်ရှိ စစ်အုပ်စုက ကျုံဒိုး/ကော့ကရိတ် ကျေးရွာများဘက်ရှိ စစ်ရှောင်ဒေသခံများအား ကျေးရွာ များသို့ ပြန်လည် ဝင်ရောက်နေထိုင်ပြီး ကြိုတင်မဲ (သို့မဟုတ်) မဲရုံမဲထည့်ပေးရန် အုပ်ချုပ်ရေးမှူးနှင့် BGF တပ်ဖွဲ့များက ဖိအားပေး ပြောဆိုမှုရှိကြောင်း နဘူးဒေသခံများက ကေအိုင်စီသို့ ပြောသည်။

Photo: Social Media

“အခုရက်တွေထဲမှာ နဘူးဘက်က ဒေါ်လန်း၊ ကွက်သစ်တို့၊ မြပတိုင်၊ နောင်ထပ္ပံ၊ နောင်တပွဲ၊ နန်းကော် တေးဘက်တွေက ရွာသားစစ်ရှောင်တွေကို ပြန်ခေါ်နေတယ်။ ရွာပြန်လာ မဲလာထည့်ကြဖို့ BGF နဲ့ အုပ်ကြီးတွေက လိုက်ပြောခိုင်း၊ ဖုန်းဆက်ပြီး ပြန်လာခိုင်းနေတယ်” ဟု နဘူးဒေသခံက ပြောသည်။

စစ်အုပ်စု ကျင်းပမည့် အပိုင်း ၃ ရွေးကောက်ပွဲကို ကော့ကရိတ်-ကျုံဒိုးနယ်မြေတွင် ကြံ့ခိုင်ရေးပါတီ၊ ကရင်တိုင်း ရင်းသားပါတီ ၂ ခုနှင့် ပအိုဝ်းတိုင်းရင်းသားပါတီတစ်ခုအပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ချို့ပါဝင် ယှဉ်ပြိုင်သည့် ပါတီများစာရင်းအရ သိရသည်။

လက်ရှိ ကော့ကရိတ်နှင့် ကျုံဒိုးဒေသတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်အုပ်စုက မြို့ပြင်ကျေးရွာများကို စစ်ကြောင်းထိုး စစ်ဆင်တိုက်ခိုက်နေသလို နဘူးဒေသဘက်သို့ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူးလမ်းဘက်ကို စစ်အုပ်စု တပ်မ ၂၂ တပ်ဖွဲ့များက ဝင်ရောက်နေရာယူ တပ်စွဲရန် ပြင်ဆင်နေကြောင်း KNLA မဟာမိတ်တပ် စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...
Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...
February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...
Photo: KNU
February 25, 2026
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄...