၆၆၆ ပွိုင့်အနီး ကာကင်းစခန်းမှ ထွက်ပြေးလာသော ပြည်သူ့စစ်နှစ်ဦးကို လက်နက်များနှင့်အတူ AA ဖမ်းမိ

၆၆၆ ပွိုင့်အနီး ကာကင်းစခန်းမှ ထွက်ပြေးလာသော ပြည်သူ့စစ်နှစ်ဦးကို လက်နက်များနှင့်အတူ AA ဖမ်းမိ

သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို မခံနိုင်၍  လက်နက်ခဲယမ်းအပြည့်အစုံဖြင့်ထွက်ပြေးလာသည့် ပြည်သူ့စစ်နှစ်ဦးကို အာရက္ခတပ်တော် (AA) မှ  ယမန်နေ့ကဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ 

စစ်‌ရေး သတင်းရင်းမြစ်တစ်ဦးက " ၆၆၆ ပွိုင့်ကုန်း နားမှာမနီးမဝေးက ကာကင်းစခန်းတွေရှိတယ်။ အဲ့ဒီကာကင်းစခန်းတွေရော ၆၆၆ ထဲကသူတွေရောထွက်ပြေးမှုတွေများနေတယ်။အဓိက အစာအဟာရ ပြတ်လပ်လာလို့ ပေါ့။ မနေ့က တော့လက်နက်ခဲယမ်းအပြည့်အစုံပါတဲ့ ပြည်သူ့စစ်နှစ်ယောက်ကို AAကဖမ်းမိထားတယ်" ဟု နိရဉ္စရာကို ပြောသည်။

ပန်းတောင်းမြို့နယ်ကပစ(၁၆) အနီးရှိ ၆၆၆ ပွိုင့်စခန်းကုန်းသည် AA ဝိုင်းဝန်း ပိတ်ဆို့ထားသဖြင့်  ရိက္ခာပြတ်တောက်နေပြီး ငတ်ပြတ်မှုများနှင့်ကြုံတွေ့နေရသည်ဟု သိရသည်။

လက်ရှိပန်းတောင်- တောင်ကုတ်ကားလမ်း ပေါ်ကလေလာတောင်ဖက်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကော်မရှင်၏ စစ် ကြောင်းနှင့်  AA တို့ထိတွေ့တိုက်ပွဲဖြစ်လျက်ရှိပြီး တိုက်ပွဲပြင်းလျက်ရှိကြောင်း သိရသည်။

" လေလာတောင်လည်းဒီအတိုင်းပဲ ရိက္ခာဖြတ်တောက်ခံထားရတယ်။ ဒီနေ့အထိတော့တောင်ခြေရင်းနဲ့ ပတ်ပတ်လည်မှာထိ တွေ့တိုက်ပွဲဖြစ်နေကြတယ်။ နှစ်ဖက်ထိခိုက်မှုတော့မသိရသေးဘူး" ဟု ပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းများသည် ၆၆၆ စခန်းကုန်းသို့ စစ်ကူများကို ရသည့်နည်းဖြင့်ပို့ဆောင်ရန်ကြိုးပမ်းလျက်ရှိနေပြီး  AA ဘက်ကလည်း လာသမျှစစ်ကူစစ်ကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားလျက်ရှိသည်ဟု သိရသည်။

ဇန်နဝါရီလအစက ရိက္ခာလုံးဝဖြတ်တောက်ခံနေရသည့် ၆၆၆ စခန်းကုန်းကို ရိက္ခာ၊ လက်နက်များ လာပို့သည့်ဒရုန်းအချို့အား  AA က ပစ်ချနိုင်ခဲ့၍ သိမ်းဆည်းရမိခဲ့ သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

လေလာတောင်၊ ၆၆၆ ပွိုင့်စခန်းကုန်း၊ ဆင်လန်စခန်းတို့လည်း AA ၏ ပိတ်ဆို့ဖြတ်တောက်ခြင်းကိုခံနေရပြီးရိက္ခာလာပို့သည့် စစ်ကြောင်းများကို AA နှင့်ပူးပေါင်းတပ်တို့ကကြားဖြတ်တိုက်ခိုက်မှုကြောင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။

Most read this week

February 24, 2026
မောင်စာဂ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နည်းပညာဌာနက အရပ်သားပြည်သူများအတွက်...
February 23, 2026
ခိုင်လူလှ (ရိုးမမြေ) — အကြမ်းဖက် မြန်မာစစ်ကော်မရှင်တပ်မှအရပ်သားများနေထိုင်ရာ ကျေးရွာများကို...
February 21, 2026
ခိုင်လူလှ (ရိုးမမြေ) — မြန်မာနိုင်ငံ ရခိုင်ပြည်ဘက်သို့  ဘိလပ်မြေ ၁၀၀၀ ကျော်ကို ရေကြောင်းကနေ...
February 20, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ဆီထွက်သီးနှံတစ်ခုဖြစ်သည့် မုန်ညှင်းကို စိုက်ပျိုးသူများ...