ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၂၀ ကျော်လွတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားမပါဝင်

ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၂၀ ကျော်လွတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားမပါဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့  လွတ်လွပ်ရေးနေ့  အထိမ်းအမှတ်နဲ့ စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ အကျဉ်းသား ၂၀ ကျော် လွတ်မြောက်လာပြီး လွတ်လာသူတွေထဲ  နိုင်ငံရေးအကျဉ်းသားတော့ မပါဝင်ဘူးလို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီကနေ့ လွတ်လာတဲ့သူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေမပါဘူး တခြားအမှုတွေထဲကဘဲ အယောက် ၂၀ ကျော်လွတ်လာတယ်လို့ သိရတယ်   အတိအကျတော့ မသိရဘူး  ၂၀ ကျော်လို့ဘဲ သိရတာ” လို့ပြောပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး နိုင်ငံအတွင်း အကျဉ်းထောင် ၊ အချုပ်ထောင်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူ လူဦးရေစုစုပေါင်း ၆၁၃၄ ဦးကို လွတ်ငြိမ်းပေးတယ်လို့ ကြေညာပြီး ပြစ်မှု ၁၃ မှု ကလွဲရင် တည်ဆဲဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးတယ်လို့ စစ်ကော်မရှင်က ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာထားပါတယ်။

ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော် ရှိပြီး အဲဒီထဲမှာ အမျိုးသား ၄၀၀ ကျော်နဲ့ အမျိုးသမီး ၁၀၀ ကျော်ဝန်းကျင် ရှိနေသေးပြီး  အများစုကတော့ ပြန်မလွတ်လာနိုင်ကြသေးတာကိုလည်း တွေ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသား အရေး ကိစ္စနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

January 28, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့...
January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...