ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၂၀ ကျော်လွတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားမပါဝင်

ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၂၀ ကျော်လွတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားမပါဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့  လွတ်လွပ်ရေးနေ့  အထိမ်းအမှတ်နဲ့ စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ အကျဉ်းသား ၂၀ ကျော် လွတ်မြောက်လာပြီး လွတ်လာသူတွေထဲ  နိုင်ငံရေးအကျဉ်းသားတော့ မပါဝင်ဘူးလို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီကနေ့ လွတ်လာတဲ့သူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေမပါဘူး တခြားအမှုတွေထဲကဘဲ အယောက် ၂၀ ကျော်လွတ်လာတယ်လို့ သိရတယ်   အတိအကျတော့ မသိရဘူး  ၂၀ ကျော်လို့ဘဲ သိရတာ” လို့ပြောပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး နိုင်ငံအတွင်း အကျဉ်းထောင် ၊ အချုပ်ထောင်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူ လူဦးရေစုစုပေါင်း ၆၁၃၄ ဦးကို လွတ်ငြိမ်းပေးတယ်လို့ ကြေညာပြီး ပြစ်မှု ၁၃ မှု ကလွဲရင် တည်ဆဲဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးတယ်လို့ စစ်ကော်မရှင်က ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာထားပါတယ်။

ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော် ရှိပြီး အဲဒီထဲမှာ အမျိုးသား ၄၀၀ ကျော်နဲ့ အမျိုးသမီး ၁၀၀ ကျော်ဝန်းကျင် ရှိနေသေးပြီး  အများစုကတော့ ပြန်မလွတ်လာနိုင်ကြသေးတာကိုလည်း တွေ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသား အရေး ကိစ္စနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...