ဒီးမော့ဆိုမြို့နယ်က ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ အမျိုးသားကို KSP အမှုဖွင့်ထား

ဒီးမော့ဆိုမြို့နယ်က ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ အမျိုးသားကို KSP အမှုဖွင့်ထား

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားခံရသူ အမျိုးသားကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ကရင်နီပြည်ရဲဌာန ( KSP ) ကပြောပါတယ်။

“အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီပြည်ရဲဌာနက အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်ဗျ။ ပြစ်မှုကျူးလွန်မှုရှိမရှိ နဲ့ စစ်ဆေးတာနဲ့ ပြစ်ဒဏ်ချတဲ့ အပိုင်းကတော့ တရားစီရင်ရေးရဲ့ အခန်းကဏ္ဌပါဗျ။ ရဲကတော့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတာလောက်ပဲ ပြောလို့ရမယ်။” လို့ KSP တာဝန်ခံ ဦးဘိုဘိုက ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက စွပ်စွဲပြောဆိုထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး အဆိုပါ ကလေးငယ်ရဲ့ မိသားစုဝင်ကတော့ တရားမျှတမှုရချင်တယ်လို့ တောင်းဆိုထားပြီး ကျူးလွန်သူအမျိုးသားရဲ့ မိသားစုဝင်ကတော့ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားတယ်လို့ KPV သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သတင်းတင်ပြထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနကလည်း အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဌာနဆီကို တိုင်ကြားလာခြင်းမရှိပေမယ့် ရှင်သန်လွတ်မြောက်သူ ကလေးငယ်ကို အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ကျမတို့ဌာနကတော့ ဌာနဆိုင်ရာအချင်းချင်းတော့ ညှိပြီးလုပ်တာတွေက လုပ်လို့ရတယ်။ ရှင်သန်လွတ်‌မြောက်သူ ကအခုဘယ်မှာရှိလဲ မသိရသေးဘူး။ သိရရင် သူတို့လိုအပ်တဲ့ဟာကို လုပ်ပေးရမယ်” လို့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဌာန ရဲ့ ဌာနမှူးကြီး အဂ္ဂသာနုနုက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ အသက်မပြည့်သေးတဲ့ မသန်စွမ်း မိန်းကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့သူကို KSP က အရေးယူဆောင်ရွက်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...
April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...