ဒီးမော့ဆိုမြို့နယ်က ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ အမျိုးသားကို KSP အမှုဖွင့်ထား

ဒီးမော့ဆိုမြို့နယ်က ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ အမျိုးသားကို KSP အမှုဖွင့်ထား

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားခံရသူ အမျိုးသားကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ကရင်နီပြည်ရဲဌာန ( KSP ) ကပြောပါတယ်။

“အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီပြည်ရဲဌာနက အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်ဗျ။ ပြစ်မှုကျူးလွန်မှုရှိမရှိ နဲ့ စစ်ဆေးတာနဲ့ ပြစ်ဒဏ်ချတဲ့ အပိုင်းကတော့ တရားစီရင်ရေးရဲ့ အခန်းကဏ္ဌပါဗျ။ ရဲကတော့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတာလောက်ပဲ ပြောလို့ရမယ်။” လို့ KSP တာဝန်ခံ ဦးဘိုဘိုက ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက စွပ်စွဲပြောဆိုထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး အဆိုပါ ကလေးငယ်ရဲ့ မိသားစုဝင်ကတော့ တရားမျှတမှုရချင်တယ်လို့ တောင်းဆိုထားပြီး ကျူးလွန်သူအမျိုးသားရဲ့ မိသားစုဝင်ကတော့ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားတယ်လို့ KPV သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သတင်းတင်ပြထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနကလည်း အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဌာနဆီကို တိုင်ကြားလာခြင်းမရှိပေမယ့် ရှင်သန်လွတ်မြောက်သူ ကလေးငယ်ကို အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ကျမတို့ဌာနကတော့ ဌာနဆိုင်ရာအချင်းချင်းတော့ ညှိပြီးလုပ်တာတွေက လုပ်လို့ရတယ်။ ရှင်သန်လွတ်‌မြောက်သူ ကအခုဘယ်မှာရှိလဲ မသိရသေးဘူး။ သိရရင် သူတို့လိုအပ်တဲ့ဟာကို လုပ်ပေးရမယ်” လို့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဌာန ရဲ့ ဌာနမှူးကြီး အဂ္ဂသာနုနုက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ အသက်မပြည့်သေးတဲ့ မသန်စွမ်း မိန်းကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့သူကို KSP က အရေးယူဆောင်ရွက်ထားပါတယ်။

Most read this week

ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...
ဓါတ်ပုံ-ဒေသခံ
January 27, 2026
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာတွေမှာ ၁၅ နှစ်အောက် ကလေးငယ်တွေ အရေပြားရောဂါ...
January 26, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department –...