ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်စခန်း ၁၈ ခုကို ရှမ်းအရပ်ဘက်အဖွဲ့များ ကူညီ

ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်စခန်း ၁၈ ခုကို ရှမ်းအရပ်ဘက်အဖွဲ့များ ကူညီ
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ ရှမ်းနီ၊ ကတူး၊ ကနန်းတိုင်းရင်းသား စစ်ဘေးရှောင်များကို နိုဝင်ဘာ ၂၈ ရက်နေ့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့စစ်ဘေးရှောင်များကို ချင်းတွင်းဧရာအင်စတီကျူ့က ဦးဆောင်ပြီး ရှမ်းအရပ်ဘက် ကူညီရေး အသင်းအဖွဲ့မှ ပထမဦးဆုံး ကူညီတာလည်း ဖြစ်ပါတယ်လို့ ဒေသခံများကဆိုပါတယ်။

ချင်းတွင်းဧရာအင်စတီကျူ့က ဦးဆောင်ပြီး ရှမ်းအရပ်ဘက်အဖွဲ့စည်းမှာ စစ်ရှောင်နေရာပေါင်း ၁၈ နေရာ၊ အိမ်ထောင်စုပေါင်း ၇၃၂ စု၊ လူဦးရေ ၂၇၆၈ ယောက်ရှိပြီး ဆန်အိပ် ၅၁ အိတ် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ အမျိုးသမီးများလစဥ်သုံး ပစ္စည်း ၁၃၅ ထုပ်အား သွားရောက်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်စခန်းတွေမှာ ဆေးဝါးလိုအပ်ချက်တွေမြင့်မားနေသလို  အချို့ကလေးတွေမှာ အရေပြားရောဂါလည်းဖြစ်ပွားနေတယ်လို့   ချင်းတွင်းဧရာအင်စတီကျူ့က တာဝန်ရှိသူ တစ်ဦးကပြောပြပါတယ်။ 

“စက်တောဘက်ကို သွားကူညီတာ ကလေးတွေ အရေပြားရောဂါတွေဖြစ်နေတယ်။ ဆေးဝါးတွေလည်း လိုအပ်နေတယ်။ အခြားစားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်” လို့ သူက ပြောပြပါတယ်။

ဗန်းမောက်မြို့အတွင်းမှာ စစ်ကော်မရှင်၊ SNA နှင့် KIA/PDF တို့နှစ်ဖက်ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

March 17, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း လုယက်မှုနဲ့ ဓားပြမှုအပြင် သတ်ဖြတ်မှုတွေကိုပါ...
March 14, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင်းကို စစ်ကော်မရှင်တပ်တွေက မတ်လ ၈ ရက်နေ့ကနေ...
March 13, 2026
မန္တလေးတိုင်းဒေကြီး သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့ကို NUG က သိမ်းပိုက်ပြီး...
March 12, 2026
တော်လှန်ရေး ဦးဆောင်အဖွဲ့တွေကြား နိုင်ငံရေးအရ ကျေလည်မှုရှိအောင် အချိန်ပေး တွေ့ဆုံဆွေးနွေးမှုတွေ...