မြိုင်နယ်တွင် သန်းခေါင်ယံအချိန် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး အပါ ၅ ဦးသေဆုံး

မြိုင်နယ်တွင် သန်းခေါင်ယံအချိန် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး အပါ ၅ ဦးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ် ကံကြီးရွာကို စစ်ကော်မရှင်တပ်က သန်းခေါင်ယံည လူအိပ်ချိန်တွင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် သုံးဦး အပါဝင် ငါးဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်အခြေ စိုက်တော်လှန်ရေးတပ်ဖွဲ့များထံမှသိ ရသည်။

ယနေ့ (နိုဝင်ဘာလ ၂၀ ရက်)နံနက် ၁၂နာရီ ၁၀ မိနစ်အချိန်တွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၂၀၀ ဗုံး နှစ်လုံး ကြဲချသွားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင် တဦးက ပြော သည်။

“တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လူအိပ်ချိန်ကြီးကို သက်သက်ကြီး ကြဲသွားတာပါ အိမ်တွေ အများကြီးထိတယ်၊ သုံးလုံးဆို လုံး၀ပျောက်ထွက်သွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ် ၁၀ လုံးအထိ ပျက်စီးခဲ့ရပြီး နောက်ထပ် ဒေသခံ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် မြိုင်မြို့နယ် နှင့် ပေါက်မြို့နယ် အစပ်နေရာများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်ပတ်စစ်ကြောင်းထိုးနေပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

“မြိုင်စက်မှုက ထွက်တဲ့စစ်ကြောင်းက ပေါက်ကစစ်ကြောင်းနဲ့ ပေါင်းပြီး အခု မြိုင်ဘက်ကို ပြန်ထိုးလာနိုင်ခြေ များပါတယ်။ ပေါက်ကနေ အရှေ့မြောက် ဦးတည်နေတာဆိုတော့” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ယခုလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အညာမြေတပ်ပေါင်းစုအဖွဲ့ကလည်း စစ်ကော်မရှင်တပ်ဖွဲ့သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူသူအိပ်မောကျချိန် ကျေးရွာပေါ် တညိ့တည့်သို့ ကြဲချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာလဆန်းမှစ၍ စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် မြိုင်နယ်နှင့် ပေါက်နယ်တို့သည် စစ်ဘေး အကြီးအကျယ် ဖြစ်နေပြီး ဒေသခံများ တိမ်းရှောင်နေကြရသော ဒေသ ဖြစ်သည်။

စစ်ကြောင်းမှ‌ ဗုံးကြဲခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းများလုယက်ယူငင်ခြင်း၊ ရွာတွေထဲတွင် နင်းမိုင်းများ ထောင်ခဲ့ခြင်း၊ ထိုမိုင်းများကို နင်းမိ၍ ပြည်သူများ သေဆုံး၊ ထိခိုက်ခြင်း။ စစ်ရှောင်ရင်း ဖျားနာ၊ မောပန်း၊ ကြောက်လန့်ပြီး သေဆုံးခြင်း။ ကလေးသူငယ်များ ပညာသင်ကြားခွင့်၊ လုံခြုံစွာ နေထိုင်ခွင့်များ ဆုံးရှုံးခြင်း စသည့်အဖြစ်ဆိုးများဖြင့် ကြုံတွေ့နေကြရကြောင်းကိုလည်း အညာမြေတပ်ပေါင်းစုက အသိပေးထားသည်။

March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...