စစ်ကော်မရှင်ဒရုန်းကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ မြေပဲ မသိမ်းနိုင်တော့

စစ်ကော်မရှင်ဒရုန်းကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ မြေပဲ မသိမ်းနိုင်တော့

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က ဒေသခံလူထုတွေနဲ့ စစ်ဘေးရှောင်တွေကို သီးနှံရိတ်သိမ်းချိန်မှာ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ခပ်စိတ်စိတ် ဖြစ်ပွားလာတာကြောင့် စိုက်ပျိုးထားတဲ့ မြေပဲတွေကို သွားရောက်မသိမ်းယူနိုင်တော့ဘူးလို့ သိရပါတယ်။

မြေပဲ သိမ်းချိန်ရောက်နေပေမယ့် တောင်ယာခင်းထဲ မသွားရဲတာကြောင့် မသိမ်းနိုင်သေးဘူးလို့ စစ်ဘေးရှောင်တဦးက အခုလို ပြောပါတယ်။

“ဘာမှကို မသိမ်းရသေးတာ၊ အခုဆို မြေပဲစနုတ်တုန်းပဲ ရှိသေးတယ်။” လို့ အဆိုပါစစ်ဘေးရှောင်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာတွေ ရှိသလို တောင်ယာခင်းတွေထဲမှာ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတာကြောင့် စိုးရိမ်ကြောက်ရွံ့နေကြရတာပါ။

“ဒီအခြေအနေကိုတော့ လေးသံလည်းနားထောင် ညောင်သီးလည်းစားဆိုသလိုပေါ့။ အဲလိုတော့ အလုပ်လုပ်ရမယ်၊ ဆိုတော့ ဘာမှ မဖြစ်ပါဘူး ဆိုတဲ့ ပုံစံမျိုး ရဲရင့်တာမျိုးလည်း မဖြစ်စေချင်ဘူး၊ ဒါပေမယ့်လည်း အကြောက်လည်း မလွန်စေနဲ့ ဒါတွေကလည်း အရေးကြီးတယ်” လို့ တောင်သူတဦးက စားဝတ်နေရေးအတွက်လည်း သီးနှံတွေ ရိတ်သိမ်းဖို့လည်း လိုအပ်နေတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတာ ရှိနေပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် စိုးရိမ်နေရသလို ဒေသခံနဲ့ စစ်ဘေးရှောင်တွေက တနိုင်တပိုင် စိုက်ပျိုးထားတဲ့ တောင်ယာ၊ လယ်ယာတွေကို စွန့်ခွာနေကြရပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ ထိခိုက်သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အများဆုံး ဖြစ်နေပြီး တောင်ယာ မသွားရဲကြတော့ပဲ မရိတ်သိမ်းနိုင်တဲ့ တောင်ယာစိုက်ပျိုးထားတဲ့ ဧက ကို အတိအကျ မသိရဘူးလို့ တောင်သူတွေက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြေပဲသိမ်းယူနေတဲ့ အမျိုးသမီးတဦး ဒရုန်းဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိထားပါတယ်။

February 6, 2026
ကရင်နီပြည် ၊ မယ်စဲ့မြို့နယ်အတွင်းမှာ သဘာဝ သားငါးတိရစ္ဆာန်တွေ မျိုးတုံးစေနိုင်တဲ့...
February 5, 2026
ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်...
ပုံဟောင်းအသုံးပြုထားသည်။
February 4, 2026
စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်မှာ...
ဓါတ်ပုံ - KNDF BO-15
February 3, 2026
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၅) ဖွဲ့စည်းပြီး ၄ နှစ်ကျော်အတွင်း ကျဆုံးရဲဘော်...