ဂွတွင် စစ်ဘေးရှောင် ရှစ်ထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ

ဂွတွင် စစ်ဘေးရှောင် ရှစ်ထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ
Photo credit - ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့
Photo credit - ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် စစ်ဘေးရှောင် ၈,၀၀၀ ခန့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်သည်။

ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့၏ စာရင်းအရ လက်ရှိ ဂွမြို့နယ်အတွင်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၇,၉၂၅ ဦးထိ ရှိနေပြီး အကူအညီမရရှိသဖြင့် စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း သိရသည်။

“ဂွမြို့နယ် စစ်ရှောင်အခြေအနေကတော့ လက်ရှိမှာ စားနပ်ရိက္ခာလိုအပ်နေပါတယ်။ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ တချို့ စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးဘူး။ လေကြောင်းအန္တရာယ်၊ စစ်ကောင်မရှင်ရဲ့ နေဗီကနေပစ်ခတ်တဲ့ လက်နက်ကြီး/ငယ်အန္တရာယ်ကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေ ရှိပါတယ်။ လက်ရှိ သူတို့ရဲ့ အခက်အခဲကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပေါ့ ဒါတွေက အရေးပေါ်လိုအပ်နေ ပါတယ်။” ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂွမြို့နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အလျောက် ဒေသခံပြည်သူများမှာ ပင်လယ်ငါးဖမ်း လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနည်းပါးသည်။

လက်ရှိ စစ်ကောင်စီက စစ်သင်္ဘောများက ဒေသခံများ၏ ငါးဖမ်းစက်လှေများအား ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်နေ၍ ဝမ်းရေးအတွက် ဝမ်းစာရှာဖွေရာတွင် ပိုခက်ခဲလာနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

တစ်ဖက်တွင် ဂွဒေသခံများမှာ ကုန်းမြေ၌ ရှာကြံလုပ်ကိုင်စားသောက်မှုဆိုပါကလည်း တိုက်ပွဲအကြွင်းအကျန် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ရှိနေ၍ စိန်ခေါ်မှုများရှိ နေကြသည်။

“အခုလက်ရှိကတော့ တောတောင်တွေသွားပြီး ရှာဖွေစားသောက်ကြတယ်။ လုံလောက်မှုတော့မရှိပါဘူး။ လက်ရှိမှာဆိုရင် အစားအသောက်၊ စားနပ်ရိက္ခာအကူအညီအများကြီးလိုအပ်နေပါတယ်။” ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ဂွမြို့နယ်အတွင်း စစ်ဘေးဒဏ်သင့်ပြည်သူများမှာ စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စ အကျပ်အတည်း များစွာရှိနေသဖြင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၊ အဖွဲ့အစည်းများ ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့မှ အကူအညီတောင်းခံထားသည်။

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူ ၆ သိန်းနီးပါးမှာ နေရပြန်ရန်ခက်ခဲနေသေးသဖြင့် အကူအညီရရှိမှု နည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်ကြား စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ခါးစည်းခံနေကြရသည်။

အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 11, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့်...
June 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း...