နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပေါက်တာတွင် ကလေးတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပေါက်တာတွင် ကလေးတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ကို စစ်ကောင်စီ နေဗီကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၉ ရက်၊ နေ့လယ် နှစ်နာရီကျော်တွင် ကုလားတန်မြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီ နေဗီကနေ ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးကျ၍ သေဆုံးသွားသူမှာ တောင်ညိုကျေးရွာမှ အသက် ၅ နှစ်အရွယ် မဇင်ချိုအိ ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ၎င်း၏ ဖခင်ဖြစ်သူ အသက် ၃၀ အရွယ် ဦးနေဇော်ထွန်းနှင့် အသက် ၆၆ နှစ် အရွယ် ဦးမောင်စိန်ဝင်းတို့ ဖြစ်သည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် စစ်တွေမြို့နယ် အနီးတဝိုက်တွင် စစ်ရေးတင်းမာနေပြီး လက်နက်ကြီး ဒရုန်းတို့ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။

ယင်းကြောင့် စစ်တွေတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး၊ ဒရုန်းများသည် AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်များသို့ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...