နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပေါက်တာတွင် ကလေးတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပေါက်တာတွင် ကလေးတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ကို စစ်ကောင်စီ နေဗီကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၉ ရက်၊ နေ့လယ် နှစ်နာရီကျော်တွင် ကုလားတန်မြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီ နေဗီကနေ ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးကျ၍ သေဆုံးသွားသူမှာ တောင်ညိုကျေးရွာမှ အသက် ၅ နှစ်အရွယ် မဇင်ချိုအိ ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ၎င်း၏ ဖခင်ဖြစ်သူ အသက် ၃၀ အရွယ် ဦးနေဇော်ထွန်းနှင့် အသက် ၆၆ နှစ် အရွယ် ဦးမောင်စိန်ဝင်းတို့ ဖြစ်သည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် စစ်တွေမြို့နယ် အနီးတဝိုက်တွင် စစ်ရေးတင်းမာနေပြီး လက်နက်ကြီး ဒရုန်းတို့ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။

ယင်းကြောင့် စစ်တွေတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး၊ ဒရုန်းများသည် AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်များသို့ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

January 16, 2026
စစ်ကောင်စီ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်၍ ကျောက်ဖြူမြို့နယ် သဖန်းချောင်းကျေးရွာက အသက်...
January 15, 2026
ရခိုင်ပြည် မင်းပြားမြို့နယ်၊ နော်နော် (မွတ်ဆလင်) ကျေးရွာတွင် မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ်...
January 14, 2026
ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့ အလေးမြတ်တန်ဖိုးထားသည့် သဇင်ပန်းများသည် သဘာဝဘေး၊...
January 13, 2026
စစ်တွေတိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ ယခုရက်ပိုင်းအတွင် စစ်ကောင်စီ ရေတပ်သည်လည်း ကုလားတန်မြစ်ဝ...