MUP က ကိုယ်စားလှယ်လောင်း ၃၈ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်မည်

MUP က ကိုယ်စားလှယ်လောင်း ၃၈ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်မည်

မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီခေါင်းဆောင်များထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ်စုစုပေါင်း ၄၅ နေရာရှိရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာရှိသည့်အနက် မွန်ညီညွတ်ရေးပါတီက ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များမှ လွဲ၍ ကျန်မြို့နယ် ၇ မြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ထို့အတူ မွန်ပြည်နယ်အတွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာရှိသည့်အနက် မဲအများဆုံးရသူ အနိုင်ယူနစ်တွင် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ၆ ဦးနှင့် အချိုးကျကိုယ်စားပြုစနစ်တွင် ကိုယ်စားလှယ်လောင်း ၆ ဦး ပါဝင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂၀ နေရာမှာတော့ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဘီးလင်းမြို့နယ်ကိုတော့ လက်လွှတ်လိုက်ရတဲ့ သဘောဖြစ်ပါတယ်” ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

မဲဆန္ဒနယ် ၂၀ ရှိသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များအတွက် မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ကိုယ်စားလှယ်လောင်း ၉ ဦးနှင့် အချိုးကျကိုယ်စားပြုစနစ်အတွက် ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၃ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိကြောင်းလည်း ပါတီထံမှ သိရသည်။

စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား မွန်ပြည်နယ်အတွင်းက ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ပါတီနှင့် ပြည်နယ်အတွင်း စည်းရုံးမည့် မွန်ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စသဖြင့် ပါတီ ၉ ပါတီ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် ပါတီ ၉ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁ ဦးအပါအဝင် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၂၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...
ဓာတ်ပုံ - PRF
September 1, 2026
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ...
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd
September 1, 2026
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြည်အတွင်း မြို့နယ်အချို့၌ စက်လှေအသုံးပြု...
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...