စစ်တပ်စစ်ကြောင်း ခလယ်-တံခွန်တိုင်ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ

စစ်တပ်စစ်ကြောင်း ခလယ်-တံခွန်တိုင်ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်း ရောက်ရှိလာပြီး ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာကနေ အဘစ်-ပုလိန်-တံခွန်တိုင်လမ်းအတိုင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်ကျေးရွာဆီ ရောက်ရှိလာခဲ့တာလို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ခလယ်-တံခွန်တိုင်ကျေးရွာထဲ ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ရဲစခန်းထဲ ဝင်ရောက်နေရာယူထားသလို ခလယ်ကျေးရွာထဲမှာလည်း တပ်ဖြန့်နေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခလယ်-တံခွန်တိုင်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် အောက်တိုဘာ ၂၁ ရက်နေ့က စစ်ကော်မရှင်တပ်စွဲထားတဲ့ ဇီးဖြူကုန်းဘုရားကနေ အနီးဝန်းကျင်နားကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ တံခွန်တိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်စစ်ကြောင်း ဝင်ရောက်လာချိန်မှာ KNLA တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားတာ မရှိဘူးလို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး စစ်ကော်မရှင်တပ်စစ်ကြောင်းက ကျိုက်မရော-ကြာအင်းဆိပ်ကြီးလမ်းနဲ့ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ KNLA တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲ့ အဝင်အထွက်နေရာအားလုံးကို တပ်တွေချပြီး ပိတ်ဆို့ထားလို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

photo credit - social media

Most read this week

ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...