စစ်တပ်စစ်ကြောင်း ခလယ်-တံခွန်တိုင်ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ

စစ်တပ်စစ်ကြောင်း ခလယ်-တံခွန်တိုင်ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်း ရောက်ရှိလာပြီး ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာကနေ အဘစ်-ပုလိန်-တံခွန်တိုင်လမ်းအတိုင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်ကျေးရွာဆီ ရောက်ရှိလာခဲ့တာလို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ခလယ်-တံခွန်တိုင်ကျေးရွာထဲ ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ရဲစခန်းထဲ ဝင်ရောက်နေရာယူထားသလို ခလယ်ကျေးရွာထဲမှာလည်း တပ်ဖြန့်နေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခလယ်-တံခွန်တိုင်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် အောက်တိုဘာ ၂၁ ရက်နေ့က စစ်ကော်မရှင်တပ်စွဲထားတဲ့ ဇီးဖြူကုန်းဘုရားကနေ အနီးဝန်းကျင်နားကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ တံခွန်တိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်စစ်ကြောင်း ဝင်ရောက်လာချိန်မှာ KNLA တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားတာ မရှိဘူးလို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး စစ်ကော်မရှင်တပ်စစ်ကြောင်းက ကျိုက်မရော-ကြာအင်းဆိပ်ကြီးလမ်းနဲ့ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ KNLA တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲ့ အဝင်အထွက်နေရာအားလုံးကို တပ်တွေချပြီး ပိတ်ဆို့ထားလို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

photo credit - social media

ဓာတ်ပုံ-MOI
January 17, 2026
မွန်ပြည်နယ်မှာ ခရီးသွားတွေ အရင်ထက် ပိုမိုဝင်ရောက် လည်ပတ်နိုင်ရေးနဲ့ ခရီးသွားကဏ္ဍ...
January 16, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်း စစ်မှု ထမ်း...
January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...