ပူတာအိုမြို့နယ်၊ နမ်ဖန်(၁) ကျေးရွာက လယ်ယာစိုက်ခင်းတွေ ရေနစ်မြုပ်ပြီး စားရေးသောက်ရေး အခက်အခဲဖြစ်နေ

ပူတာအိုမြို့နယ်၊ နမ်ဖန်(၁) ကျေးရွာက လယ်ယာစိုက်ခင်းတွေ ရေနစ်မြုပ်ပြီး စားရေးသောက်ရေး အခက်အခဲဖြစ်နေ

ပူတာအိုမြို့နယ်၊ နမ်ဖန်(၁) ကျေးရွာက ပြည်သူတွေရဲ့ လယ်ယာစိုက်ခင်းတွေ ရေနစ်မြုပ် ပျက်စီးသွားတဲ့အတွက် စားသောက်ရေး အခက်အခဲကြုံနေရတယ်လို့ Beulah land လူမူကူညီရေးအသင်းကနေ သိရှိရပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်စေအုပ်စု အနောက်ဘက် တောင်တန်းမှာ မြေပြိုပြီး နမ်ပလပ်ချောင်းပိတ်ဆို့ခဲ့ပြီးတော့ ရေကြီးရေလျှံဖြစ်ခဲ့ရတာလို့ သိရပါတယ်။

နမ်ဖန်ကျေးရွာမှာ အိမ်ထောင်စု ၁၅ စုရှိပြီး လူဦးရေ ၇၀ ရှိတယ်လို့သိရပါတယ်။ သူတို့ရဲ့ လယ်ယာ ၁၉ ဒသမ ၉ ဧကနဲ့ ယာခင်း ၂ ဒသမ ၅ ဧကဟာ အဲဒီနေ့က ရေနစ်မြုပ်ပျက်စီးခဲ့တာပါ။

နမ်ဖန်ပြည်သူတွေဟာ လယ်ယာလုပ်ငန်းတွေနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြု နေထိုင်သူတွေဖြစ်တဲ့အတွက် အခုလိုပျက်စီးသွားရတဲ့အတွက် လက်ရှိအချိန်မှာသာမက လာမယ့်နှစ်စပါးပေါ်ရာသီ မရောက်ခင်အထိ စားဝတ်နေရေး အခက်အခဲတွေမှုတွေနဲ့ ကြုံရတော့မှာကို စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြေပြိုစဉ် နမ်ပလပ်ချောင်းပိတ်မိပြီး ကျေးရွာလူနေအိမ်အထိ ရေအိုင်နေတာကြောင့် သောက်သုံးရေ အခက်အခဲနဲ့ ကြုံရကြောင်းလည်း သိရှိရပါတယ်။

အကူအညီတောင်းခံမှုတွေရှိပေမဲ့ အခုချိန်ထိ လာရောက်ကူညီသူတွေ မရှိသေးတဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

လူဦးရေ ၇၀ ဦးအတွက် တစ်လမှာ ပျမ်းမျှအားဖြင့် ဆန် အိတ်၂၀ အိတ်၀န်းကျင် လိုအပ်ပြီး တစ်အိတ် ဆန်တစ်အိမ် ၁၃၀,၀၀၀ (တစ်သိန်းသုံးသောင်း) ကျပ်နှုန်းနဲ့ စုစုပေါင်း ၂,၆၀၀,၀၀၀ (နှစ်ဆယ့်ခြောက်သိန်း) ကျပ် ၀န်းကျင်လိုအပ်နေတာဖြစ်ပြီး တော့ တတ်နိုင်တဲ့အတိုင်းအတာနဲ့ ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံကြောင်း တောင်းဆိုထားပါတယ်။

ပါ၀င်လှူဒါန်းလိုသူတွေအနေနဲ့ Beulah land လူမူကူညီရေးအသင်းရဲ့ Kbzpay အကောင့်နာမည် Chang Dang Khin Sar ဖုန်းနံပါတ် ၀၉-၄၅၀-၆၃၄-၇၂၇ ကို မှတ်ချက် "Nampan" ဆိုပြီး ရေးသားပေးပို့ ကူညီနိုင်တယ်လို့ သိရှိရပါတယ်။

Most read this week

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...