နေရပ်ပစ္စည်းပြန်ယူသည့် ကျောက်မဲ စစ်ဘေးရှောင် နှစ်ဦး မိုင်းနင်းမိသေဆုံး

နေရပ်ပစ္စည်းပြန်ယူသည့် ကျောက်မဲ စစ်ဘေးရှောင် နှစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် ပန်မလုပ်ရွာတွင် စစ်ဘေးရှောင်နေရသော စစ်ဘေးရှောင် နှစ်ဦးသည် နေရပ်သို့ ပစ္စည်းပြန်ယူနေစဉ် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း စစ်ဘေးရှောင်ထံမှ သိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၁ ရက်) မွန်လွဲ ၃ နာရီတွင် ကျောက်မဲမြို့နယ် ပန်မလုပ်ရွာတွင် စစ်ဘေးရှောင်နေရသော အသက် ၃၉ နှစ် အရွယ်ရှိ စိုင်းသောင်္ကြာနှင့် အသက် ၄၅ နှစ် အရွယ်ရှိ စိုင်းမိုးတို့သည် ဆိုင်ကယ်တစ်စီးဖြင့် နမ့်ပစ်ရွာသို့ ပစ္စည်းပြန်ယူနေစဉ် တောင်ယာရှိ တောလမ်းတစ်နေရာတွင် မိုင်းနင်းမိပြီးသေဆုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ပစ္စည်းတချို့လည်း တောင်ယာထဲမှာ ကျန်နေလို့ သွားယူရင်း မိုင်းနင်းမိတာ။ စပါးခင်းနဲ့ ကြံခင်းစပ်တဲ့ နေရာမှာ နင်းမိတာ။ စစ်ရှောင်တဲ့နေရာကို ပြန်မရောက်လို့ လိုက်သွားကြည့်တာ အလောင်းပဲတွေ့တော့တယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် ပန်မလုပ်ရွာနှင့် နောင်ပစ်ရွာသည် ၄ မိုင်ခန့်သာကွာဝေးပြီး နောင်ပစ်ရွာတွင် ယခင်က TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်သည်။

လက်ရှိ ကျေးရွာတွင် တိုက်ပွဲငြိမ်သက်နေပြီဖြစ်သော်လည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များသည် နေရပ်မပြန်နိုင်ကြသေးပေ။

မြေမြုပ်မိုင်းရှင်းလင်းရေး ဆောင်လုပ်မှုမရှိခြင်း၊ လုံခြုံမှုမရှိခြင်းတို့ကြောင့် စစ်ဘေးရှောင် ဦးရေ (၂၀၀) ကျော်သည် တောတောင်ထဲတွင် တဲထိုးပြီးနေနေကြရကြောင်း၊ စားနပ်ရိက္ခာ ပြတ်လပ်လာသည့်အတွက် နေရပ်သို့ စွန့်စားပြီးပြန်ကာ ပစ္စည်းများအား ပြန်သယ်ယူနေရကြောင်း စစ်ဘေးရှောင်တစ်ဦးက ဆက်ပြောသည်။

“နောင်ပစ်က စစ်ရှောင်ရတာ သုံးလပြည့်တော့မယ်၊ ဝါဝင်တဲ့နေ့ကတည်းက စစ်ရှောင်နေရတာ။ အခုစရိတ်တွေက တော်တော်ပျက်နေပြီ။ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားကအစ စက်သုံးဆီအဆုံး အကုန်ပျက်တယ်။ ရှိတဲ့သူဆီကို ချေးဌားပြီး စားနေကြရတာ။ စရိတ်ပျက်တော့ ရွာထဲမှာ စားစရာတွေ၊ ဘာတွေ ဝင်ယူရတာပေါ့”ဟု ၎င်းက ပြောသည်။

ထိုပြင် အလှူရှင်များလည်း မရှိသောကြောင့် စစ်ဘေးရှောင်များသည် ယခုရက်ပိုင်း၌ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက်တွင်လည်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ နောင်ပြစ်ကျေးရွာသို့ နေရပ်ပြန်သွားသူ အသက် (၄၀) နှစ်အရွယ် စိုင်းကျော်သိန်းသည် နေအိမ်ခြံဝင်းထဲတွင် မြေမြှုပ်မိုင်း နင်းမိကာ ညာဘက်ခြေထောက် ပြတ်သွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...