ကြာအင်းဆိပ်ကြီးသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်က ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီးနေ

ကြာအင်းဆိပ်ကြီးသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်က ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီးနေ
Photo: Social Media
Photo: Social Media

မုဒုံ-ကြာအင်းဆိပ်ကြီး လမ်းမပေါ်သို့ စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးနေသည်ဟု စစ်ကြောင်းရောက်ရှိနေသည့် သံပုရာရွာ ဒေသခံတစ်ဦးက ပြောသည်။

မုံဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကို စစ်တပ်က စက်တင်ဘာ တတိယအပတ်အတွင်း စတင်စစ် ကြောင်း ထိုးလာပြီး စက်တင်ဘာ ၁၆ နေ့တွင် လမ်းမပေါ်ရှိ သံပုရာ ရွာသို့ ရောက်ရှိစဉ် ငါးဖမ်းလုပ်သားများကို ယခုလို ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဒေသတစ်ဦးက ပြောသည်။

“သံပုရာ ချောင်းထဲမှာ ငါးဖမ်းပိုက် ထောင်နေတဲ့ ဦးမင်းစိုး အပါအဝင်ရွာသား ၅ ဦးကို စစ်တပ်စစ် ကြောင်းက ဖမ်း လိုက်တယ်။ သူတို့တွေက ငါးဖမ်း လုပ်သားတွေပဲ” ဟု သံပုရာ ရွာမှ စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကြောင်းထိုးစဉ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သံပုရာရွာသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး သွားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ စစ်ကြောင်းများကို ကြာအင်းဆိပ်ကြီးစစ်တပ်က လက်နက်ကြီး ပစ်ခတ်ပစ်ကူပေးနေပြီး မုဒုံ- ကြာအင်း ဆိပ်ကြီး လမ်းပိုင်း၊ ကြာအင်းဆိပ်ကြီး-ကျိုက်မ‌ရော-ခလယ်တံခွန်တိုင် လမ်းပိုင်းများကို ပြန်လည် ထိမ်းချုပ်ရန် ဒရုန်း၊ လက်နက်ကြီးနှင့် မြေပြင်စစ်ကြာင်းများဖြန့်ကျက် လာနေသည်ဟု KNLA မဟာမိတ်တပ် သတင်းရင်းမြစ် များက ပြောသည်။

“ရတခတိုင်း စစ်ကူတွေနဲ့ ကြာအင်းဆိပ်ကြီးက ထွက်တဲ့စစ်ကြောင်း၊ ကျိုက်မရော ခရုံဂူ၊ စပါယ်ဂူဘက်ကလာတဲ့ စစ်ကြောင်းတွေက ကြာအင်းဆိပ်ကြီး၊ သုံးဆူ၊ ကျိုက်ဒုံဘက်တွေ ဖြန့်တက်မယ့် သဘာရှိနေတယ်။ ကော့ကရိတ် ဘက်ကလည်း တောင်ကြာအင်း ဘက်ကနေ တစ်ကြောင်းလာနေတယ်။ နေရာအစုံတိုက်ပွဲ ဖြစ်နေတယ်” ဟု KNLA မဟာမိတ်တပ်ဖွဲ့သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးလုပ်ဆောင်မှု့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်တပ်အရာရှိများ ကြာအင်းဆိပ်ကြီး ဗျူဟာသို့ ရဟတ်ယာဉ်ဖြင့် စက်တင်ဘာ ၁၅ ရက်က ရောက်ရှိလာပြီး ကြာအင်းဆိပ်ကြီး DKBA တပ်ဖွဲ့နှင့် ကရင် လက်နက်ကိုင် တပ်ဖွဲ့တာဝန်ရှိသူအချို့ကိုတွေ့ဆုံကာ ပျက်စီးနေသည့်တံတားများလမ်းများ ပြင်ဆင်မည့် ကိစ္စ၊ စစ်ကြောင်းလုံခြုံရေး အားကူညီ ပေးရန်ကိစ္စများ ဆွေးနွေးညွှန်ကြားမှု ရှိခဲ့သည်ဟု DKBA တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...