မင်းတပ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဒီနှစ်အတွင်း ၅ နှစ်အောက်ကလေး ၇ ဦးအထိ သေဆုံး

မင်းတပ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဒီနှစ်အတွင်း ၅ နှစ်အောက်ကလေး ၇ ဦးအထိ သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကလေး၊ လူကြီး ရာသီတုပ်ကွေး အဖြစ်များနေကြပြီး ဒီနှစ်အတွင်း ၅ နှစ်အောက် ကလေးငယ် (၇) ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီလို့ မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က Chin World မီဒီယာကိုပြောပါတယ်။

မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က “ကလေး၊ လူကြီး ဖြစ်ကြတယ် မြို့ပေါ်မှာနဲနဲသက်သာတယ် နယ်ဘက်မှာဆိုရင် သွေးလွန်တုပ်ကွေး အပြင် ငှက်ဖျားပိုးလည်း တွေ့ရတယ် ဆေးကုသမှုပိုင်းကိုလည်း အတက်နိုင်ဆုံးလုပ်ဆောင်ကြတယ်။ CHO ရဲ့အကူအညီနဲ့ ကျမတို့မြို့နယ်ကျန်းမာရေး ပူးပေါင်းပြီးမှ ဆောင်ရွက်နေပါတယ် မင်းတပ်မြို့နယ်အတွင်းတော့ ဆေးကုသမှုတွေကိုတော့ လုံလုံလောက်လောက်နီးပါးလုပ်နိုင်တယ် အရင်လို ဆေးရုံ ဆေးခန်းမျိုးနဲ့တော့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာ၊ မြေပြင်မှာဆိုရင် ရာသီဥတုလိုမျိုးတော့ ကျမတို့အတွက်တော့ အခက်ခဲစိန်ခေါ်မှုတွေဖြစ်ပေမယ့် ဆေးကုသမှုတွေကိုတော့ လုပ်ဆောင်နေပါတယ် နောက်ပြီးလိုအပ်တာက အဘိတ်ဆေး၊ ခြင်ထောင်စိမ်ဆေးပြားတွေလည်း လိုအပ်ကြတယ်၊ စိန်ခေါ်မှုတော့ကြုံနေရဆဲပေမယ့် အတက်နိုင်ဆုံးဝိုင်းပြီးကြိုးစားနေကြတယ်” လို့ပြောပါတယ်။

လက်ရှိမင်းတပ်မြို့နယ်အတွင်း လူဦးရေ ၅၅၂၁၉ ဦးရှိတဲ့ထဲ ရာသီတုပ်ကွေးဖြစ်နေတဲ့ လက်ရှိ သိရသလောက် စားရင်းအရ ၄၄၂ ဦးဟာ အဖျားလူနာဖြစ်နေတယ်လို့လည်း မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်း လက်ရှိမှာကလေးငယ်အများစုမှာ ပြင်းထန်အဆုတ်ရောင်ရောဂါတွေ အဖြစ်များတယ်လို့လည်း သိရပြီး တိုက်နယ် အမှတ် ၃ ၊ ၄ ဘက်မှာ ဖျားနာတဲ့ ကလေးလူငယ်တွေ များလို့ စာသင်ကျောင်းတွေပါ ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

March 20, 2026
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံးအနေဖြင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့်...
March 17, 2026
နိုင်ငံတကာကလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့...
March 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရတဲ့...
March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...