ကလေးတောင်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကြံသာကျေးရွာကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေ

ကလေးတောင်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကြံသာကျေးရွာကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး - ဂန့်ဂေါ ကားလမ်းမပေါ်က ကြံသာရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်၊ ပျူစောထီး အင်အား ၂၀၀ လောက်နဲ့ စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ဒီကနေ့ချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက “တိုက်ပွဲဖြစ်တာက သြဂုတ်လကတည်းက စဖြစ်တယ်ဆိုပေမယ့် အဲလောက်ကြီးမဟုတ်ဘူး။ ထိုးစစ်ဆင်တာမျိုးမဟုတ်ဘူးပေါ့။ နားလိုက် တိုက်လိုက်နဲ့ပေါ့။ ဒီလစက်တင်ဘာလ ၅ ရက်နေ့ကစလို့က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတယ်လို့ ပြောတယ် နှစ်ဖက်တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ကလေး - ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) ၊ ပျူစောထီးစိုးမိုးတဲ့ ကြံသာရွာတွေကို Chinland Defense Force , Kalay - Kabaw – Gangaw (CDF – KKG) Major Operation အဖြစ် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အပြင် ABSDF/ ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု၊ နဂါးနီညီနောင် စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ လအတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေးအရ ဗျူဟာကျတဲ့ ကလေး - ဂန့်ဂေါလမ်းကို စစ်ကောင်စီဘက်လည်း လာမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ရရှိနိုင်ရေး အတွက် အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...