ကလေးတောင်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကြံသာကျေးရွာကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေ

ကလေးတောင်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကြံသာကျေးရွာကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး - ဂန့်ဂေါ ကားလမ်းမပေါ်က ကြံသာရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်၊ ပျူစောထီး အင်အား ၂၀၀ လောက်နဲ့ စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ဒီကနေ့ချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက “တိုက်ပွဲဖြစ်တာက သြဂုတ်လကတည်းက စဖြစ်တယ်ဆိုပေမယ့် အဲလောက်ကြီးမဟုတ်ဘူး။ ထိုးစစ်ဆင်တာမျိုးမဟုတ်ဘူးပေါ့။ နားလိုက် တိုက်လိုက်နဲ့ပေါ့။ ဒီလစက်တင်ဘာလ ၅ ရက်နေ့ကစလို့က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတယ်လို့ ပြောတယ် နှစ်ဖက်တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ကလေး - ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) ၊ ပျူစောထီးစိုးမိုးတဲ့ ကြံသာရွာတွေကို Chinland Defense Force , Kalay - Kabaw – Gangaw (CDF – KKG) Major Operation အဖြစ် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အပြင် ABSDF/ ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု၊ နဂါးနီညီနောင် စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ လအတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေးအရ ဗျူဟာကျတဲ့ ကလေး - ဂန့်ဂေါလမ်းကို စစ်ကောင်စီဘက်လည်း လာမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ရရှိနိုင်ရေး အတွက် အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...