ဘုတလင်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးကာ ကျေးရွာ ၅ ရွာကို မီးရှို့

ဘုတလင်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးကာ ကျေးရွာ ၅ ရွာကို မီးရှို့
Photo - CJ
Photo - CJ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့်ကပ်လျက်ရှိသည့် ဘုတလင်မြို့နယ်ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးရှို့ခံရတဲ့ရွာ ငါးရွာလောက်ရှိပြီ။ ရွာတွေမှာ ကင်းပုန်းတွေရှိနေတာကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေ အရေ အတွက်ကိုတော့ မသိရသေးဘူး။ ဒီကနေ့လည်း စစ်တပ်က ရွာတွေကိုမီးရှို့နေတယ်”ဟု ဘုတလင် ဒေသခံ ကိုဇေလင်းမောင်က မဇ္စျိမကို ပြောသည်။

မီးရှို့ခံရသည့် ကျေးရွာများမှာ ရွှေတောင်၊ ပေါက်ဆိန်ပေါက်၊ ထန်းတော၊ ကံသာနှင့် ထူးကြီးကျေးရွာတို့ ဖြစ်ပြီး ဒေသခံအများစုမှာ တောင်ယာအလုပ် လုပ်ကိုင်သူများဖြစ်ကြသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ခန့်မှန်းအင်အား ၃၀၀ ခန့်ဖြင့် ဘုတလင်-ကံသာလမ်းအတိုင်း စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“နယ်မြေစိုးမိုးထားတယ်ဆိုတဲ့ ပုံရိပ်ပြချင်တဲ့သဘောနဲ့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာပါ။

တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်တိုင်း လူနေအိမ်တွေကို မီးရှို့တာတွေလုပ်နေတာပါ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

အဆိုပါ စစ်ကော်မရှင်တပ်စစ်ကြောင်းသည် လက်ရှိအချိန်တွင် ကုန်းသာကျေးရွာသို့ ရောက်ရှိနေခြင်းကြောင့် ကုန်းသာ၊ ဇီးတော၊ ထူးကြီး၊ မန်ကျည်းအုပ်၊ အောင်သာစသည့် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၅,၀၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်ရှောင်နေရကြောင်း သိရသည်။

ဘုတလင်မြို့နယ်နှင့်ဆက်စပ်လျက်ရှိသည့် ကနီ-ယင်းမာပင်အစပ်နှင့် ပုလဲမြို့နယ်များကို စစ်ကော်မရှင်က စစ်အုပ် ချုပ်ရေးကြေညာပြီးနောက် အင်အားသုံးကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...
March 4, 2026
မောင်ခက်နွေ - အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း...
စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...