- မြစ်ကြီးနားမြို့ပေါ်မှာ ဩဂုတ်လအတွင်း ဓားထိုးလုယက်မှုတွေနဲ့ သေနတ်နဲ့ပစ်သတ်မှုဖြစ်စဉ်တွေ ပိုများလာတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်စိတ်ကြီးစွာနဲ့ နေထိုင်နေရတယ်လို့ ပြောပါတယ်။
- ဖားကန့်ဟာ ဗန်းမော်ပြီးရင် တိုက်ပွဲအချိန်ကြာမြင့်လာတဲ့ ဒုတိယမြို့နယ်တစ်ခုဖြစ်လာပြီး လက်ရှိ ဖားကန့်ဒေသအတွင်း စစ်ကော်မရှင်တပ်က အပြည့်အ၀ အာဏာပြန်ရဖို့ အင်အားထောင်ချီ ဖြည့်တင်းနေရာယူလိုက်တာကြောင့် ဖားကန့်ပြည်သူတွေ စစ်ရေးကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
- စစ်ကော်မရှင်နဲ့ တရုတ်အစိုးရပူးပေါင်းပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ကို ဆက်တိုက်ဖိအားပေးနေတာကြောင့် ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာဒေသတွေဟာ စိုးရိမ်ရလာနိုင်ဖွယ်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။






