ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာ မှ ဒေသခံ ၃ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ

ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာ မှ ဒေသခံ ၃ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ
Photo - CJ
Photo - CJ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် တိုက်ပွဲပြင်းထန်မှု တို့ကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံထောင်နှင့်ချီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် (ဩဂုတ်လ ၁၈ ရက်) စတင်ပြီး စစ်ကောင်မရှင်တပ်သည် နောင်ပိန်ရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ထန်းတပင်ကျေးရွာဘက်သို့ စစ်အင်အား (၇၀၀) ကျော် မြေပြင်စစ်ကြောင်း ထိုးလာပြီးနောက် (ဩဂုတ်လ ၁၉ ရက်)တွင် TNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်။

အဆိုပါ တိုက်ပွဲပြင်းထန်မှု နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ကျောင်းမဲမြို့နယ် နောင်ပိန် တိုက်နယ်အပါအဝင် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၃ ထောင်ခန့်သည် ပြီးခဲ့သည့် (သြဂုတ်လ ၁၉ ရက်) မှစပြီး ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း နောင်ပိန်တိုက်နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“စစ်ဘေးရှောင်လာတာ (သြဂုတ်လ ၁၉ ရက်) ကတည်းက ရှောင်နေရတာ။ တချို့တွေကလည်း ဒီလောက်ထိ ထပ်ပြေးရမယ်မထင်ခဲ့ဘူး။ အခုလို ဆိုးဆိုးဝါးဝါး ဖြစ်တဲ့အချိန်ကြတော့ ရုတ်တရက်ထွက်ပြေးလာကြတာ။အခု ဒီကျောက်မဲအရှေ့ခြမ်းတကြောလုံးက ရွာတွေမှာ ရှောင်လာကြတာ။” ဟု နောင်ပိန် စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးကပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် အတွင်းမှထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ခန့်သည် လက်ရှိတွင် နီးစပ်ရွာ ကျေးရွာရှိ ဆွေမျိုး အိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင် နေကြရပြီး အဝတ်အစား နှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း နောင်ပိန် စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦး က ဆက်ပြောသည်။

“ရုတ်တရက်ဆိုတော့ တချို့ကလည်း အဝတ်တစုံနှစ်စုံလောက်ပဲပါလာကြတာ။တချို့တွေကလည်း လမ်းဘေးမှာ ကားထိုးပြီး အိပ်တာမျိုးတောင်ရှိတယ်။တချို့လည်း အမျိုးအိမ်တွေ၊သူစိမ်းအိမ်တွေမှာ တောင်းနေရမျိုးတွေလည်း ရှိတယ်။ လောဆယ် လာကူညီတဲ့သူတွေတော့မရှိသေးဘူး။တက်နိုင်သလောက် ပါလာတာလေးနဲ့ ရှိတာနဲ့စားနေရကြတယ်။”ဟု ၎င်းက ပြောသည်။

ထိုထွက်ပြေးလာသည့် စစ်ဘေးရှောင် ၃ ထောင်ခန့်သည်လက်ရှိတွင်း နမ့်ဟူးရွာ၊ ပန်စုံရွာ၊ ဟဲကွီရွာ၊ နမ့်ဟန်ခိတ်ရွာ၊ နောင်ကမ်ရွာ၊ ပုံဝိုးရွာ၊ နောင်မိန်းရွာ နှင့် ခေါက်ဝိုးရွာကျေးရွာတို့တွင် ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး(၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ဂုတ်တွင်းထဲတွင်လည်း TNLA ပူးပေါင်းတပ်ဖွဲ့ နှင့် မြေပြင်တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...