ရေးမြို့နယ် အောင်သ‌ပြေရွာအနီးတွင် တိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၁ ဦးသေ

ရေးမြို့နယ် အောင်သ‌ပြေရွာအနီးတွင် တိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၁ ဦးသေ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သ‌ပြေကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးသတင်ရင်းမြစ်များထံမှ သိရသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်‌ကြောင်းနှင့် တော်‌လှန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦး သေဆုံးသည်ဟု ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရန်နိုင်က ပြောသည်။

“အောင်သပြေရွာအနီးမှာ တိုက်ပွဲဖြစ်သွားတာ သူတို့(စကစ) အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းထွက်လာတာ ကျွန်တို့က သူတို့လာတဲ့လမ်းကြောင်းမှာ အပြီးစောင့်နေတာ တိုက်ပွဲက ၁၀ မိနစ်လောက်ပဲ ဖြစ်သွားတာ။ ရန်သူဘက်က တစ်ယောက်သေတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်တာမရှိဘူး။ ရွာနဲ့ နီးနေတော့ ရွာကိုထိမှာ စိုးရိမ်းလို့ အခြေနေကလဲ အခုထိ မငြိမ်သေးဘူး” ဟု ဗိုလ်ရန်နိုင်က ပြောသည်။

အဆိုပါ တိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် KNLA တပ်ရင်း(၂၇) ၊ တပ်ခွဲ(၁) တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ မော့ကနင်အခြေစိုက် အမှတ် (၃၁၇)အမြှောက်တပ်မှ လက်နက်ကြီးဖြင့် (၆) ကြိမ်အထိ ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်ရန်နိုင်က ဆက်ပြောသည်။

ရေးမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းများကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီဂိတ်စခန်းတို့တွင် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ စစ်ဆေးမှုများကိုလည်း တင်းကြပ်ထားသည်။

ဩဂုတ်လ ဒုတိယအပတ်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရွာအပြင်ဘက်သို့ မကြာခဏပစ်ခတ်နေသည့်အပြင် လုံခြုံရေးလည်း အထူတင်းကြပ်ထားသည်ဟု ရေးဒေသခံတို့က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့တွင် ရေးမြို့နယ်အခြေစိုက် စကခ-၁၉ လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည့် ကျောင်းရွာရှိ ခမရ-၅၉၁ ဗဟိုကင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ဒရုံးဖြင့် ဗုံး ၂ လုံးကြဲချခဲ့သေးသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဇူလိုင်လတွင် တိုက်ပွဲ ၄ ကြိမ်အထိ ဖြစ်ပွားခဲ့သသည်။

March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...
March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...
March 19, 2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားရွာ၊ ရွှေလုပ်ကွက်အနီးတွင်...
March 18, 2026
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး...