စစ်အုပ်စု၏ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရယူနိုင် ရန်ကြိုးပမ်းမည်ဟု NUG ပြော

စစ်အုပ်စု၏ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရယူနိုင် ရန်ကြိုးပမ်းမည်ဟု NUG ပြော

စစ်အုပ်စု၏ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ခံရသူများအတွက် တရားမျှတမှု ပြန်လည် ရယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် နည်းလမ်းပေါင်းစုံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်လတ်က ပြောသည်။

ယနေ့ (ဩဂုတ်လ၂၀ ရက်)ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအ စဉ်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကိုအတင်းအကြပ်ပြုလုပ်ရန်အတွက် ဖွဲ့စည်းပုံပြောင်းလဲ ကာ ဆတိုးကျူး လွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် စောင့် ကြည့် မှတ်တမ်း တင်သွားမည်ဟုလည်း ဆိုသည်။

“အကြမ်းဖက်စစ်အုပ်စုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ မမိုးဆန်းစုကြည်ကို မတရားဖမ်းဆီးအကျဉ်းချထားတဲ့ကာလပြည့်ချိန်မှာ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ထောင်ပြင် ခေါ်ထုတ်၊ နောက် ထပ်အမှုကပ်ပြီး ဆက်လက်ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး တာဝန်ရှိသူ၊ ပါဝင်ပတ်သက်သူအားလုံးကို ဥပဒေနှင့်အညီ အရေးယူအပြစ် ပေးနိုင်ရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရန်လည်း အစွမ်းကုန် ကြိုးစားဆောင်ရွက် သွားမည်ဟု ဆိုသည်။

ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်အုပ်စုကအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို စတင်ကျင်းပသွား မည်ဟု ၎င်းတို့၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ထားသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကလည်း စစ်ကော်မရှင်ကကျင်းပမည့် ရွေး ကောက်ပွဲ၌ ပူးပေါင်းပါဝင်သူများကို ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်ခြင်းခံရမည်ဟု ဩဂုတ် လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် အခြေခံလူ့အခွင့်အရေးများဆုံးရှုံးနေရပြီး အိုးအိမ်စွန့်ခွာထွက်ပြေးသူ သန်းချီရှိနေချိန်တွင် လွတ် လပ်စွာ မဲဆွယ်စည်းရုံးခြင်း၊ မဲပေးခြင်းများတွင် ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီသော လွတ်လပ်မှု၊ တရားမျှ တမှုနှင့် ပွင့်လင်းမြင်သာမှုများ လုံးဝမရှိနိုင်သော ရွေးကောက်ပွဲဖြစ်ကြောင်း ICNCC ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလမှစပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၅၆၀ ဦး ရှိပြီး ထိုထဲမှ ၂၂,၃၁၇ ဦး ထိန်းသိမ်းခံထားရကာ ၁၀,၉၉၄ ဦးသည် ထောင်ဒဏ်များချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဩဂုတ်လ ၁၉ ရက်နေ့စာရင်းများအရ သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...